"Soo လေး မထသေးဘူးလားကိုယ့်အသဲရဲ့ အိပ်ပုတ်ကလေးကွာ "
နေမြင့်တဲ့ထိအိပ်ယာမထသေးတဲ့ မြေခွေးလေး ရဲ့နှာခေါင်းလုံးလုံးလေးကို Chanyeol တစ်ယောက်ဖွဖွလေးညှစ်ကာ နှိုးနေရသည်။ ဒါတောင်အိပ်ပုတ်ကလေးက အွန်း အဲ အသံပြုကာ ပြန်အိပ်သွားသေးသည်။
"မဖြစ်တော့ဘူး Sooရေ အသဲလေးရေ ထတော့လေကွာ ကိုကို မနက်စာပြင်ပြီးသွားပြီ"
"အာ ကိုကိုကလည်း ငါးမိနစ်ပဲလေနော် ငါးမိနစ် ငါးမိနစ်"
"အင်းးး ကိုယိ့ယောက်ျားလေးကအိပ်ယာမထချင်သေးဘူးဆိုမှတော့ ကိုယ်ပါဝင်ပြီးအိပ်ရတော့မှာပေါ့"
Chanyeol တစ်ယောက် ပြောပြောဆိုဆိုနဲ့ Kyung Soo ရဲ့စောင်ပုံကြီးထဲကိုဝင်ကာ Kyung Soo ရဲ့အပေါ်ကနေ အုပ်မိုးထားလိုက်သည်။
"အွန့် ကိုကို ဘာလုပ်တာလဲ"
"ကိုကို့ယောက်ျားလေးကမထလို့လေဗျာ ကိုကိုကအိပ်ပုတ်လေးကိုစားမလို့"
"ဟာ့ ကိုကိုလူညစ်ပတ်ကြီးနော်"
"အယ် ကိုကိုကမညစ်ပတ်ပါဘူးနော် Sooကသာ ခုထိပ်မျက်နှာမသစ်ရေမချိုးရသေးတဲ့ ညစ်ပတ်လေးပါဗျ"
"ဟွန့် အဲ့တော့ဘာဖြစ်လဲ ညစ်ပတ်လည်း Sooကိုချစ်ပေးမဲ့ယောက်ျားရှိပါတယ်နော် "
"ဟုတ်လို့လား"
"ဟုတ်တာပေါ့ "
"ပြောပါဦး Sooညစ်ပတ်လေးကိုချစ်မဲ့ယောက်ျားကဘယ်သူများလဲ"
"ဟောဒီက ချစ်ရတဲ့ယောက်ျား Park Chanyeol ကြီးပေါ့ဗျ"
"ဟားးဟားးး အလည်လေး အလည်လေး စကားတွေအရမ်းတတ်နေတာပဲကွာ "
"ခုဖယ်တော့ အိပ်ယာထတော့မယ်"
"ဟင် ကိုကိုကမဖယ်ချင်သေးဘူး"
"ဟောကြည့် ဖယ်ပါဆို"
"Morning kiss လေးရရင်တော့တစ်မျိုးပေါ့"
Kyung Soo တစ်ယောက် မိမိကိုအုပ်မိုးထားတဲ့ ရင်ခွင်ကျယ်ကြီးပိုင်ရှင် ယောက်ျားဖြစ်သူရဲ့စကားကြောင့် ခပ်ဟဟလေးရယ်လိုက်သည်။ ပြီးမှ အုပ်မိုးထားတဲ့ Chanyeol ရဲ့လည်ပင်းဖက်လိုက်ပြီး နှုတ်ခမ်းလေးကိုထိရုံလေးနမ်းလိုက်လေသည်။
YOU ARE READING
ROSE (Complete)
Fanfiction8နှစ်ကြာတဲ့ထိတစ်ယောက်ထဲချစ်တယ်လို့ပြောနေတာမမောသေးဘူးလား ကိုယ့်ဂျူနီယာလေး #Chanyeol ကျနော်မမောဘူး ဒါပေမဲ့စီနီယာကကျနော်မောမှာစိုးရင် ကျနော်နဲ့အတူလိုက်ပြောပေးပေါ့ ...