ဆုပေးပွဲအခမ်းအနားပြီးသွားတော့ Kyung Soo တို့ EXO အဖွဲ့ကားဆီကိုပြန်လာခဲ့ကြသည်။ ဆုတွေအများကြီးကို အဖွဲ့လိုက်ရော Soloရောသိမ်းပိုက်နိုင်ခဲ့လို့ Kyung Soo ရော အဖွဲ့သားများအားလုံးဝမ်းသာနေကြသည်။
"Kyung Soo"
နောက်ကခေါ်သံကြောင့် Kyung Sooရဲ့ခြေလှမ်းတို့ရပ်တန့်သွားရသည်။ ကျန်အဖွဲ့သားများကတော့ သူ့ကိုနှုတ်ဆက်ကာ ကားဆီကိုသွားကြပြီဖြစ်သည်။
"Kyung Soo ကိုယ် ...."
"စီနီယာ မင်္ဂလာပါ"
"ဝါးး တကယ် Kyung Sooပဲ ဆုတွေအတွက်ဂုဏ်ပြုပါတယ် ကိုယိ့စီနီယာလေး"
မမြင်ရတာကြာတဲ့ အပြုံးလေးနဲ့ အခေါ်အဝေါ်လေးကြောင့် Kyung Sooရင်ထဲနွေးထွေးသွားရသည်။
"အာ ကျေးဇူးတင်ပါတယ် စီနီယာ"
"ဟားး ကိုယိ့ကိုခုထိ စီနီယာလို့ခေါ်နေတုန်းပဲ"
"စီနီယာက စီနီယာပဲဖြစ်နေတုန်းပဲကို"
"ဟားးး ဟုတ်ပါပြီကွာ "
"ဒါဆို စီနီယာ ကျနော့်ကိုသွားခွင့်ပြုပါဦးဗျ အဖွဲ့သားတွေစောင့်နေပြီမို့"
"အာ ဟုတ်ပါပြီ ဂရုစိုက်ပြန်ပါ ကိုယ့်ဂျူနီယာလေး"
Kyung Soo တစ်ယောက် Chanyeolကိုနှုတ်ဆက်ကာထွက်လာခဲ့သည်။ ထိုစဉ်
"Kyung Soo ခဏ"
လက်ကိုလှမ်းဆွဲလိုက်တာကြောင့် လှမ်းနေတဲ့ ခြေလှမ်းတို့ရပ်တန့်သွားပြီး Chanyeolကိုပြန်လှည့်ကြည့်လာသည်။
"ဟို ကိုယ် ကိုယ်တို့ ထပ်တွေ့လို့ရဦးမလား"
"ဟုတ် စီနီယာ အားတဲ့တစ်ရက်ပေါ့"
"အာ ကောင်းလိုက်တာ ဒါဆိုကိုယ့်ကို Kyung Sooရဲ့ ဖုန်းနံပါတ်လေး "
"အရင်ကနံပါတ်ပါပဲဗျ"
"ဪ "
"ဒါဆို ကျနော့်လက်ကို ...."
"အာ ဟုတ်သားပဲ ကိုယ် ကိုယ်မေ့သွားလို့ Sorry နော် Kyung Soo"
"ရပါတယ်ဗျ"
Kyung Sooလည်းခုန်နေတဲ့ရင်ဘတ်ကိုဖိကာ နေရာကနေမြန်မြန်ထွက်လာခဲ့သည်။ Chanyeolနာူမှာ ကြာကြာနေရင် ရင်ဘတ်ထဲကအကောင်ကအပြင်ကိုခုန်ထွက်လာနိုင်ချေရှိတာကြောင့် အမြန်နှုတ်ဆက်ကာပြေးထွက်လာရခြင်းပင်။
YOU ARE READING
ROSE (Complete)
Fanfic8နှစ်ကြာတဲ့ထိတစ်ယောက်ထဲချစ်တယ်လို့ပြောနေတာမမောသေးဘူးလား ကိုယ့်ဂျူနီယာလေး #Chanyeol ကျနော်မမောဘူး ဒါပေမဲ့စီနီယာကကျနော်မောမှာစိုးရင် ကျနော်နဲ့အတူလိုက်ပြောပေးပေါ့ ...