🌹 9 🌹

301 52 2
                                    

Kris တစ်ယောက်စာသင်ခန်းဘက်လျှောက်လာနေတုန်း အခန်းပေါက်ဝမှရပ်ကဝေ့လည်လည်လုပ်နေတဲ့ကောင်လေးကိုတွေ့လိုက်သည်။' ဒီကလေး ဘာလဲဟ'

"Hey you ဘာတေဝေ့လည်လည်လုပ်နေတာလဲ"

"အာ Ge Ge ဟိုလေကျနော်ဝေ့လည်လည်လုပ်နေတာမဟုတ်ပါဘူး ဆရာကRCခေါ်နေပြီမို့ကျနော်မဝင်ရဲတော့လို့ ချောင်းနေတာ"

"ဪ ဒါလေးများ"

Kris ကပြောပြီးထိုကောင်လေးလက်ကိုဆွဲကာ အခန်းထဲကိုခပ်တည်တည်နဲ့ဝင်ပြီးနေရာချပေးလိုက်သည်။ ဆရာကတော့တစ်ချက်သာကြည့်ပြီး RC ကိုဆက်ခေါ်နေလေသည်။ ကျောင်းသားများကတော့ the whole Kingကိုယ်တိုင်လက်ကဆွဲပြီးဝင်လာတဲ့ကောင်လေးကိုကြည့်ကာတီးတိုးပြော‌ နေကြသည်။

"Zitao"

"Present Sam"

Samခေါ်တာကိုထူးပြီးနောက် သူ Krisဘက်ကိုလှည့်ကာ လေသံလေးဖြင့်

"ရှဲရှဲ Ge Ge"

"ရပါတယ် မင်းအဆင်ပြေပြီဆို Ge Geသွားတော့မယ်"

Kris သူ့က်ိုယ်သူGe Geလို့ပြောမိသွားတာ‌ကြောင့်ရှက်ကိုးရှက်ကန်းဖြစ်ကာ လည်ပင်းကိုလက်နဲ့ပွတ်နေလေသည်။ Taoက‌တော့ဘာမှမထူးဆန်းသလိုသူ့ကိုပြုံးပြနေကာ

"Ge Ge မသွားခင်လေ Ge Geရဲ့နာမည်လေးပြောပြခဲ့ပါလား"

"ဟားး Ge Geတို့နောက်တစ်ကြိမ်ပြန်ဆုံခဲ့ရင် ပြောပြပါ့မယ် Ge သွားပြီနော်"

Kris တစ်ယောက် Taoရဲ့ဆံပင်လေးတွေကိုဖွကာ အခန်းထဲမှပြန်ထွက်လာခဲ့သည်။ ဆံပင်အဖွခံရတဲ့ Taoကတော့ သူ့ဆံပင်ကိုပုံကျအောင်ပြန်ပြင်ရင်းအလုပ်ရှုပ်ကာကျန်ခဲ့တော့သည်။ China ကနေတစ်ယောက်ထဲလာခဲ့ရတဲ့သူ့အတွက်စိတ်ရင်းကောင်းတဲ့သူငယ်ချင်းသုံးယောက်ရ‌ခဲ့တဲ့အပြင် အခုလိုကြင်နာတတ်တဲ့သူနဲ့ဆုံလိုက်ရတာကအရမ်းကိုကံကောင်းလွန်းနေပြီဖြစ်သည်။ ထိုကံကောင်းမှုတွေကကြာကြာမခံဘဲပျက်စီးသွားမည်ကို ထိုကောင်လေးမသိခဲ့ပေ။

နေ့လည်စာသင်ချိန်ပြီးတော့ Kyung Sooတို့နဲ့ချိန်းထားတဲ့ကန်တင်းဘက်ကိုထွက်လာတုန်း နောက်ကခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့မိန်းကလေးသုံးယောက်နဲ့ ကောင်လေးသုံးယောက်အဖွဲ့က်ိုသူတွေ့လိုက်ရသည်။

ROSE (Complete)Where stories live. Discover now