🌹 17 🌹

263 30 3
                                    

Warning ပါနော် အဟင်းးဟင်းး 🌚
.
.
"အရှင်မင်းကြီးကြွချီလာပါတယ်"

'ဟင် ဟိုမင်းသားနေမကောင်းတာတောင်ငါ့ဆီကြွလာသေးတယ်ဆိုတော့ မင်းကြီးကငါ့ကိုချစ်မြတ်နိုးနေပြီထင်တယ်'သူ့အတွေးနဲ့သူပြုံးကာ မင်းကြီးကိုကြိုဆိုဖို့ထလိုက်သည်။

"မင်းကြီးကို ကြိုဆိုပါတယ်"

"မင်း မင်းသားကိုဘာလုပ်လိုက်တာလဲ"

"ရှင် အရှင်ဘာကိုဆိုလို "

"မင်းနဲ့ ဥယာဉ်မှာတွေ့ပြီး ကလေးကမေ့လဲသွားတာပဲ မင်းဘာလုပ်လိုက်လဲ ပြောစမ်း"

စိတ်ဆိုးကာဘေးကစားပွဲဝိုင်းကြီးကိုလှန်မှောက်ပစ်လိုက်တာကြောင့် မိဖုရားယန်လန့်သွားသည်။

"ကျနော်မျိုးမ ဘာမှမလုပ်ပါဘူးအရှင်မင်းကြီး"

"အေး သက်သေမရှိတုန်းမင်းငြင်းထားဦးပေါ့ သက်သေရှိတဲ့အခါ မင်းလွယ်မယ်မထင်နဲ့"

သူ့ကိုလက်ညှိုးထိုးကာကျိန်းမောင်းပြီးထွက်သွားတဲ့မင်းကြီးရဲ့ကျောပြင်ကိုကြည့်ကာသူအော်ဟစ်ကာ ပန်းအိုးကိုပေါက်ခွဲလိုက်သည်။

"ဖိဖုရား မိဖုရား စိတ်ထိန်းတော်မူပါ"

"တောက် ဒီမလောက်လေးမလောက်စားကောင်ကြောင့် ငါ့က်ိုပြောဆိုသွားလိုက်တာများ အားးးးး Do Kyung Sooအကုန်နင့်ကြောင့် နင်သာရောက်မလာရင် ငါနဲ့အရှင်ရဲ့အချစ်ရေးကဖြောင့်ဖြူးနေမှာ နင့်ကိုငါသတ်မယ် သတ်ပစ်မယ် အားးးးး"

"ကိုယ်ရံတော်ကို ခေါ်လိုက်စမ်း"

"ကျနော်မျိုးရောက်ပါပြီ မိဖုရားး"

"ငါစုံစမ်းခိုင်းထားတာ ဘယ်လိုလဲ"

"နဂါးမျိုးနွယ်နဲ့ဂဠုန်မျိုးနွယ်ကိုစုံစမ်းကြည့်ရတာ သူတို့တိုင်းပြည်မှာ Kyung Sooဆိုတဲ့နာမည်နဲ့မင်းသားမရှိပါဘူး မိဖုရားး မြေခွေးတိုင်းပြည်ကိုလည်းသူလျှိုလွှတ်ပြီးစုံစမ်းခိုင်းထားကြောင်းပါ"

"မြန်မြန်စုံစမ်း ငါမနက်ဖြန်သိချင်တယ်"

"မှန်လှပါ မိဖုရားး"

"မင်းသွားလို့ရပြီ"

ကိုယ်ရံတော်ထွက်သွားတော့ မိဖုရားရဲ့မျက်နှာမှာကောက်ကျစ်တဲ့ အပြုံးတစ်ခုပေါ်လာလေသည်။

ROSE (Complete)Where stories live. Discover now