"ကျောင်းပြီးပြီဆိုတော့ ဘာလုပ်ဖို့စဉ်းစားလဲသားတို့"
"DKS ကိုဦးစီးမယ်လေ ဒယ်ဒီ"
"သားကတော့ သားရဲ့Studioအတွက် လူရွေးပွဲလုပ်မလို့ပြင်နေတယ် ဖေဖေ"
"သားတို့က အသက်ငယ်ပါသေးတယ် ဒီစီးပွားရေးတွေကဒယ်ဒီ့ကိုလွှဲထားလည်းရသေးတယ် ဒယ်ဒီက ဒီအလုက်တွေမဟုတ်ဘဲသားတို့ရဲ့အိပ်မက် သားတို့ရဲ့ဆန္ဒကို အကောင်အဖည်ဖော်စေချင်တာ"
ဖခင်ဖြစ်သူရဲ့စကားဆုံးတော့ Kyung Soo နဲ့ Baek Hyunတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့ကိုကြည့်ပြီး မိခင်ဖြစ်သူက
"သားတို့ကို စဉ်းစားဖို့အချိန်ပေးလိုက်ပါဦး ဖေကြီးရယ်"
"အင်းပေါ့လေ သားတို့လည်း စဉ်းစားချိန်လိုမှာပေါ့ ဒယ်ဒီအရမ်းမလောပါဘူး ဒယ်ဒီကသားတို့ငယ်တုန်းမှာ သားတို့ရဲ့အိပ်မက်တွေကိုလက်တွေ့ခံစားစေချင်တာ"
"ဟုတ်ကဲ့ ဒယ်ဒီ ကျေးဇူးပါဗျ"
"ဟုတ်ကဲ့ ဖေဖေ ကျေးဇူးပါဗျ""အေးပါ အေးပါ အပြင်သွားကြမလို့ထင်တယ် သွားလေ"
"ဟုတ် ဖေဖေ Suho Hyungနဲ့ ချိန်းထားလို့"
"အေးအေး ဂရုစိုက်သွားကြနော်"
Kyung Sooတို့ဖေဖေနဲ့မေမေကိုနှုတ်ဆက်ပြီး suhoနဲ့ချိန်ထားတဲ့ကော်ဖီဆိုင်ကိုထွက်လာခဲ့သည်။
"ဟေးး Hyungဒီမှာ"
"ဟုတ် Hyung"
"မင်းတို့ညီကို ဘာဖြစ်လာတာလဲ"
"ဟူးး ဒီလို ဒီလိုပဲ Hyungရေ"
အိမ်ကပြောသမျှကိုအကုန်ပြန်ပြောပြတော့ Suho ကခေါင်းတညိတ်ညိတ်နဲ့နားထောင်နေလေသည်။
"မင်းတို့ဖေဖေက မင်းတို့အတွက်တကယ်ကိုတွေးပေးတဲ့သူပဲကွ ငါ့ဒယ်ဒီနဲ့ကွာပ ကျောင်းပြီးတာ 2လပဲရှိသေးတယ် ငါကုမ္ပဏီမှာ ဒုCEOလုပ်နေရပြီလေ အောက်ခြေကနေဝင်မယ်ဆိုတော့လည်း အထက်တန်းထဲကငါကအောက်ခြေကနေစလုပ်ကိုင်ပေးလာတာဆိုတော့ တန်းပြီးအခုရာထူးကိုပဲယူရမယ်တဲ့ ဟူးးး ငါဘာလုပ်ချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာ တစ်ခွန်းတောင် မမေးဖူးဘူး"
YOU ARE READING
ROSE (Complete)
Fanfiction8နှစ်ကြာတဲ့ထိတစ်ယောက်ထဲချစ်တယ်လို့ပြောနေတာမမောသေးဘူးလား ကိုယ့်ဂျူနီယာလေး #Chanyeol ကျနော်မမောဘူး ဒါပေမဲ့စီနီယာကကျနော်မောမှာစိုးရင် ကျနော်နဲ့အတူလိုက်ပြောပေးပေါ့ ...