🌹 19 🌹

249 37 4
                                    

နန်းတော်တစ်ခုလုံးပျော်ရွှင်နေကြသည်။တိုင်းသူပြည်သားများလည်းလက်ဆောင်များယူကာနန်းတော်သို့လာနေကြသည်။နန်းတွင်းသူအပျိုတော်များကလည်းနန်းတော်တစ်ခုလုံးကိုနှင်းဆီဖြူများဖြင့်အလှဆင်ကြပြီးစားဖိုဆောင်မှာလည်းလူအများအတွက်ချက်ပြုတ်ကာနေကြသည်။

"ကြင်ရာတော် အဲ မဟုတ်ဘူး မဟုတ်ဘူး အခုမိဖုရားကြီးလို့ခေါ်ရမှာပေါ့"

"ဟားဟားး အထိန်းတော်ကြီးကတော့လေ အရင်လိုပဲခေါ်ပါ ကျနော်ကယောက်ျားလေးလေ ဘယ်လိုလုပ်မိဖုရားကြီးလို့ခေါ်ဖို့ဖြစ်နိုင်မှာလဲ"

"ဒါပေမဲ့ ကျွန်တော်မျိုးမတို့ရဲ့ကြင်ရာတော်လေးက တိုင်းပြည်ရဲ့မိခင် ဆိုတဲ့ရာထူးရတော့မှာပါနော်"

"အဟားးဟုတ်ပါပီဗျာ"

"အဖြူရောင်လေးနဲ့ သိပ်လှတာပဲ"

"ဟော အရှင်"

"မင်းကြီးကိုဂါရဝပြုပါတယ်"

"ရပြီရပြီ ကဲလာ ခန်းမဆောင်ဆီသွားရအောင်"

"အရှင်မင်းကြီးနဲ့ကြင်ရာတော် ကြွချီလာပါပီ"

ကြေညာသံအဆုံးခန်းမထဲမှလူများနဲ့တိုင်းသူပြည်သားများက အရိုအသေပေးကြသည်။ ဟိုယွန်းနဲ့ Kyung Sooလည်း ပုလ္လင်ထက်ကိုသွားကာ ထိုင်လိုက်ပြီး

"ကိုယ်တော်ရဲ့ကြင်ရာတော် မင်းသားDo Kyung Sooမှာ နန်းသွေးလေးရှိနေပြီဖြစ်တာကြောင့် ကြင်ရာတော်ကို တိုင်းပြည်ရဲ့မိခင်ဧကရီအဖြစ်တင်မြှောက်လိုက်တယ် ယနေ့မှစ ဧကရီဟုသာ ခေါ်တွင်စေ"

"သင့်မြတ်လှကြောင်းပါ အရှင်မင်းကြီး"

ကြေညာပြီးတော့ စားသောက်ပွဲကြီးဆက်လက်ကျင်းပကြလေသည်။ အမတ်များ ကလည်းဂုဏ်ပြုသေရည်တိုက်ကြပြီး ကိုယ်လုပ်တော်များကလည်း ဂုဏ်ပြုကြောင်းပြောဆိုကြသည်။ တိုင်းသူပြည်သားများကလည်းဂုဏ်ပြုလက်ဆောင်များပေးအပ်ကာအားလုံးပဲပျော်ရွှင်နေကြသည်။

"ဧကရီ ရင်သွေးလေးအတွက်ဂုဏ်ပြုပါတယ်"

"ဪ မိဖုရား ကျေးဇူးတင်ပါတယ်"

"ဧကရီ့အတွက်ဂုဏ်ပြုသေရည်ပါ ‌လက်ခံပေးပါဦး"

"ကောင်းပါပြီ"

ROSE (Complete)Where stories live. Discover now