ဆေးရုံကြီး၏ခွဲခန်းရှေ့တွင် Doctor Kim Jong Dae တစ်ယောက် စိတ်ပူပင်စွာဖြင့် ခေါက်တုန့်ခေါက်ပြန်လမ်းလျောက်နေလေသည်။
"Xiu ရဲ့အခြေအနေဘယ်လိုလဲ Jong Dae "
"ဟော ရောက်လာကြပြီလား ဖြည်းဖြည်း ဖြည်းဖြည်း Kyung Soo "
"အေးပါ ငါကစိတ်ပူလို့ပါကွာ "
"သတိထားမှပေါ့ အသဲရယ် အသဲမှာလည်း မပေါ့မပါးကြီးနဲ့ကို"
"ရပါတယ် ကိုကိုရယ် Soo ရဲ့ဗိုက် 6 လပဲရှိပါသေးတယ် Xiu ကမွေးနေပြီဆိုတော့ စိတ်ပူရတာပေါ့"
"ဟုတ်ပါပြီ ဟုတ်ပါပြီ Kyung Soo ခုံမှာထိုင်နေ မင်းအကြာကြီးမတ်တပ်ရပ်မနေနဲ့"
"အေးပါ ဆရာဝန်ကောင်ရယ် မင်းက ငါ့လင်နဲ့တစ်လေသံထဲပဲ"
"ကဲပါ သူငယ်ချင်းနှစ်ယောက်ရယ် စကားများမဲ့အစား Xiuအတွက်ပဲဝိုင်းဆုတောင်းပေးကြပါလား"
Chanyeol ပြောလိုက်မှာ စကားများနေတဲ့နှစ်ယောက်သား အသံတိတ်သွားကာ ခွဲခန်းထဲကိုလည်တစ်ရှည်ရှည်နဲ့မျှော်ကြည့်နေကြတော့သည်။ ခဏကြာတော့ Baekနဲ့Kai တို့အတွဲရော ၊ Sehun နဲ့ Luhan အတွဲပါရောက်ချလာလေသည်။
"ဟော Hyung တို့တွေလာကြ လာကြ "
"Xiu ထွက်လာပြီလား"
"မထွက်သေးဘူး မွေးနေတုန်း"
"အေးအေး"
ရောက်လာတဲ့သူများကလည်းစကားအများကြီးမပြောဘဲ စိတ်လှုပ်ရှားစွာစောင့်နေကြသည်။ ထိုစဉ်
"A သွေးလိုတယ် Aသွေး ဘယ်သူ Aသွေးရှိလဲရှင်"
ခွဲခန်းထဲကသူနာပြုဆရာမလေးထွက်လာပြီးပြောတဲ့စကားကြောင့် ခွဲခန်းရှေ့ကအုပ်စုပျာယာခတ်သွားကြသည်။ အကြောင်းမှာ ဘယ်သူ့မှာမှ Aသွေးရှိမနေခြင်းပင်။ထိုစဉ်
"ကျနော်တို့ A သွေးပါ ကျနော့်ဆီကယူ"
ခုမှရောက်လာတဲ့ Suho နဲ့ Lay ဆီကအော်သံပင် ။
"ဘယ်သူက A လဲ"
"ငါ"
Lay ကတစ်ခွန်းထဲပြောကာ Suhoကိုပြုံးပြပြီးသူနာပြုဆရာမလေးနောက်ကိုလိုက်သွားလေသည်။
YOU ARE READING
ROSE (Complete)
Fanfic8နှစ်ကြာတဲ့ထိတစ်ယောက်ထဲချစ်တယ်လို့ပြောနေတာမမောသေးဘူးလား ကိုယ့်ဂျူနီယာလေး #Chanyeol ကျနော်မမောဘူး ဒါပေမဲ့စီနီယာကကျနော်မောမှာစိုးရင် ကျနော်နဲ့အတူလိုက်ပြောပေးပေါ့ ...