🌹15🌹

261 39 8
                                    

နောက်တစ်ပတ်လောက်ကြာတော့ ဟိုယွန်းရဲ့ဒဏ်ရာတွေကအမာရွတ်မရှိတဲ့ထိပျောက်ကင်းသွားပြီဖြစ်တာကြောင့် တိုင်းပြည်ကိုပြန်ရမည်ဖြစ်သည်။

"မြေခွေးလေး ကိုယ်သွားတော့မယ်နော်"

"ဟုတ်အရှင် "

"ကိုယ်မြေခွေးလေးကိုလာပြန်ခေါ်မယ် ကတိပေးတယ် ကိုယ့်ကိုယ်ယုံကြည်ပြီးစောင့်နေပေးနော်"

"ကောင်းပါပြီအရှင်"

အရှင်ကသူ့ကိုလာခေါ်မယ်လို့ကတိပေးကာ နန်းတော်ကိုပြန်သွားပြီဖြစ်သည်။ အရှင်ထွက်သွားတော့မှသူ ငိုမိသည်။ ချစ်ရတဲ့သူက ထားခဲ့ကာထွက်သွားလေပြီ  ။

'အရှင်လာခေါ်တဲ့ထိ ကျနော်စောင့်နေမှာပါ'

-----------------

အရှင်မင်းကြီးပြန်လာပြီ ဆိုတဲ့သတင်းကြောင့်တိုင်းသည်ပြည်သားများအားလုံးပျော်ရွှင်နေကြသည်။ နန်းတွင်းသူနန်းတွင်းသားများလည်းပျော်ရွှင်နေကြပြီးမပျော်ရွှင်နိုင်တာကတော့ အရင်မင်းကြီးရဲ့တော်ဝင်ကြင်ယာ‌တော်နဲ့သူမအကိုတော်အမတ်ကြီးပင်။

"တောက် ဒီဟိုယွန်း မသေသေးဘူးလား ၊ အမတ်ကြီးရှင့်လူတေပြောတော့ သေပြီဆို"

"မယ်မယ် ကျနော်မျိုးလူတွေပြောတာ ဒဏ်ရာတွေရပြီးသေသွားတာမှန်ပေမဲ့အလောင်းကိုတော့မတွေ့ခဲ့ပါဘူးတဲ့ "

"အခုမသေဘဲပြန်ရောက်လာပြီလေ ၊ ဟွန်းး သွားတော့ ရှင့်ကိုမမြင်ချင်တော့ဘူး"

အမတ်ကြီးကိုနှင်ထုတ်လိုက်ပြီးသူမရဲ့သားတော်မင်းသား Sehun ကအခစားဝင်လေသည်။

"မယ်မယ် သားတော်ကြားတာအမှန်ဘဲလား ၊ မယ်မယ်က မင်းကြီးကိုလုပ်ကြံတဲ့အဖွဲ့ရဲ့ကြိုးကိုင်သူဆိုတာ"

"သား သားတော် မယ်မယ်လုပ်နေတာတွေအကုန်လုံးကမင်းအတွက်ပဲ "

"သားတော် ဘာမှမလိုချင်ဘူးမယ်တော် သားတော်ဒီအတိုင်းလည်းပြည့်စုံနေပြီ သားဘုရင်နေရာကိုမမက်မောဘူး မယ်တော်အကိုတော့်ဆီကိုသွားပြီးအပြစ်အတွက်သွားတောင်းပန်ပါ"

"ဘာ Oh Sehun မင်းက ငါ့ကိုဘယ်လိုပြောလိုက်တာလဲ အလိုလိုက်ထားတဲ့မယ်မယ်ကိုဒီလိုပဲကျေးဇူးဆပ်လိုက်တာပေါ့လေ "

ROSE (Complete)Where stories live. Discover now