🌹 20 🌹

250 41 6
                                    

Kyung Soo သတိရလာတော့ အနားမှာ ဘယ်သူမှရှိမနေပေ။ ခဏကြာတော့ကိုယ်ရံတော်ယူကအခန်းထဲကိုဝင်လာကာ Kyung Sooဘေးကိုလာထိုင်ပြီး

"အိမ်ရှေ့စံ နိုးလာပြီလား နေလို့မကောင်းတဲ့နေရာရောရှိနေသေးလား"

"ဟင့်အင်း အကိုယူ ကျနော်အကုန်နေလို့ကောင်းပါတယ် ဒီနေရာကပဲ နာတာ"

ရင်ဘတ်လေးကိုလက်ကလေးနဲ့ဖိပြပြီးမျက်ရည်တွေကျကာပြောလာတဲ့ အိမ်ရှေ့စံကိုကြည့်ကာသူလည်းနာကျင်ရသည်။

"အိမ်ရှေ့စံ တိုင်းပြည်ကိုပြန်ရအောင်နော်"

"ဟင် ဘာလို့လဲ ကျနော်အရှင့်ကိုမထားခဲ့နိုင်ဘူး သူ့ရင်သွေးလေးဆုံးရှုံးလိုက်ရလို့ သူခံစားနေရမှာ ကျနော်သူ့နားမှာရှိပေးနေမှဖြစ်မှာ"

"အရှင်ကပြောတယ် မိဘအိမ်ကိုခဏပြန်ပြီး စိတ်ရောကိုယ်ရောအပန်းဖြေလိုက်ပါဦးတဲ့"

"မသွားချင်ပါဘူးဆို မယ်တော်တို့ဆီကိုနေ့တိုင်း စာအဆက်အသွယ်လုပ်နေတာပဲကို မပြန်ချင်ဘူး ဒီမှာပဲနေမှာ"

"မဟုတ် အိမ်ရှေ့စံ ဟို...."

ထိုအချိန် နန်းတွင်းရေးရာဝန်ကြီးနဲ့ရဲမက်များကနန်းဆောင်ကိုရောက်လာကာ

"မင်းကြီးအမိန့်တော်ပါတယ် နာခံစေ"

"ကျနော်မျိုးနာခံလျက်ပါ"

"လူသားဟန်ဆောင်ထားသော မြေခွေးမင်းသားတစ်ဖြစ်လဲ ဧကရီ Do Kyung Sooအား ဧကရီရာထူးမှပယ်ချကာ တိုင်းပြည်ထဲမှပြည်နှင်ဒဏ်ပေးလိုက်သည် ယခုချက်ချင်းပင်တိုင်းပြည်ထဲကထွက်သွားစေ "

"ဟင် ဘာ ဘာဖြစ်တယ် ကျနော် ကျနော်မယုံဘူး အရှင် အရှင်နဲ့တွေ့မှရမယ်"

"ရဲမက်တွေသူ့က်ိုတားစမ်း"

"မင်းတို့ အိမ်ရှေ့စံရဲ့အသားကိုထိတာနဲ့ ခေါင်းပြန်သွားမယ်"

ကိုယ်ရံတော်ယူက အိမ်ရှေ့စံရဲ့ရှေ့ကနေပိတ်ရပ်ကာရဲမက်တွေက်ိုပြောလိုက်လေသည်။

"ငါ့ အိမ်ရှေ့စံကိုငါပြန်ခေါ်သွားမယ် ဒီနေ့နေမဝင်ခင်ငါတို့ထွက်သွားမယ်ဆိုရတယ်မလား"

ROSE (Complete)Where stories live. Discover now