"Baek ရေကျောင်းသွားမယ်"
"လာပြီ လာပြီ Kyung Soo"
"Tao နဲ့ Suho Hyungရော"
"ဆိုင်ရာ ပိုင်ရာတွေနဲ့ ပါသွားပြီ"
"ဒါဆို ယောက်ဖတော်နဲ့ အရှင်ရော"
"သူတို့ကို မင်းရဲ့ကုမ္ပဏီကကား လာခေါ်သွားတယ်တဲ့မနက်အစောကြီးထဲကတဲ့ ငါ့ကိုကိုယ်ရံတော်ပြောလို့သိတာ"
"ဪ ဟုတ်ပြီဟုတ်ပြီ ဒါဆိုလည်း တို့ညီအကိုပဲသွားတာပေါ့ ၊ အကိုကြီး ဒီညီလေးကိုဒီနေ့စက်ဘီးတင်နင်းပါလားဟင်"
"မင်းလူကောင်ကကြီးလာပြီလေကွာ ငါမနိုင်တော့ဘူး"
"အကိုကြီးကလည်းဗျာ တင်နင်းပါနော် နော် နော် "
"မနင်းဘူး"
"အီးးဟီးးး မချစ်တော့ဘူးဆိုတာ သိပါတယ် အူးးဝါးးး"
"အာ အာ မငိုနဲ့ မငိုပါနဲ့ညီလေးရာနော် တိတ် တိတ် အေးပါအေးပါ တင်နင်းမယ် ဟုတ်ပြီလား"
"တကယ်လား ဟင့်"
"တကယ် တကယ် တကယ် "
"ဟီးးဟီးး ဒါဆိုသွားမယ် လာလာ"
ဟွန့်ရုပ်ကိုက မနိုင်ဘူး မနိုင်ဘူး"
ပြုံးဖြီးကာရှေ့ကနေပြေးသွားသော Kyung Sooေနာက်ကို Baek Hyunလည်းခေါင်းတယမ်းယမ်းဖြင့် အပြေးလိုက်ရတော့သည်။
---------
တစ်နှစ်ပြီးတစ်နှစ်ကျောင်းတက်ပြီးဘွဲ့ယူမဲ့နေ့ကိုရောက်လာခဲ့သည်။ KrisTaoတို့ကတော့ အိမ်ကိုဖွင့်ပြောလိုက်ကြပြီး ဘွဲ့ယူပြီးတစ်ပတ်ကြာရင်စေ့စပ်ကြတော့မှာဖြစ်သည်။ Jong In ကတော့ကုမ္ပဏီ
ကပွဲဦးထွက်ဖို့ Trainingတွေအရမ်းများတာကြောင့် Baekနားကိုအရင်လိုအမြဲမကပ်နိုင်ပေမဲ့ အားတဲ့အချိန်လေးမှာတော့အမြဲ ဖုန်းဆက်ကာ အဖြေတောင်းတတ်သည်။ Baekကလည်းငြင်းမြဲငြင်းဆဲ။
Kyung Sooနဲ့ Chanyeol ကတော့ချစ်သူမကျ သူငယ်ချင်းမကဆက်ဆံရေးကနေမတက်သေးပေ ။
Suho နဲ့ Sehunကတော့ အရင်လိုခေါင်းချင်းမဆိုင်ပေမဲ့ ဖုန်းကတော့ပူနေအောင်စကားပြောကြသေးသည်။"ကဲ အားလုံးဒီကိုကြည့်ပါ ရိုက်မယ်နော် 1 2 3 Smile"
"ရေးးးးးးး"
YOU ARE READING
ROSE (Complete)
Fanfiction8နှစ်ကြာတဲ့ထိတစ်ယောက်ထဲချစ်တယ်လို့ပြောနေတာမမောသေးဘူးလား ကိုယ့်ဂျူနီယာလေး #Chanyeol ကျနော်မမောဘူး ဒါပေမဲ့စီနီယာကကျနော်မောမှာစိုးရင် ကျနော်နဲ့အတူလိုက်ပြောပေးပေါ့ ...