Kyung Sooကနေ့တိုင်းပန်းတွေပေးရင်း ၊ Jong In,ကနေ့တိုင်း Baekနောက်ကိုလိုက်ရင်း First year ဆိုတဲ့နှစ်ကြီးကပြီးသွားလေပြီ။ ကျောင်းပိတ်သွားပြီဖြစ်တာကြောင့် Kyung Sooဆီကပန်းနဲ့အတူချစ်တယ်ဆိုတဲ့စကားကိုပါမကြားရတော့မှာကိုတွေးမိတော့ Chanyeolတစ်ယောက်အလိုမကျဖြစ်မိပေမဲ့ ဘယ်သူကထင်မှာလဲကျောင်းပိတ်နေတာတောင်ပန်းတစ်ပွင့်နဲ့ ချစ်တယ်ဆိုတဲ့စာတစ်ဆောင်ကိုခြံတံခါးဝမှာလာထားနေမယ်လို့။ Kyung Sooကျေးဇူးနဲ့မနက်နိုးတာနဲ့ပန်းနဲ့စာကိုမမြင်ရရင်ပင်သူ့မနက်ခင်းကြီးကမပြည့်စုံတော့ဟုခံစားနေရသည်။ (အင်းးး ငါဒီနေ့အိပ်ယာထတာ စောလို့နေမှာပါ)
ခြံရှေ့ကိုထွက်ကြည့်ကာပန်းမရှိလို့စိတ်ညစ်ညစ်နဲ့ပြန်လာကာတွေးနေခြင်းပင်ဖြစ်သည်။ သူလည်းမနေ့ကJong In ပြောထားတဲ့ DKS Entertainment ကAuditionပြိုင်ဖို့လူခေါ်နေတယ်ဆိုတဲ့ကိစ္စကြောင့်ပင်အစောကြီးထကာသွားဖို့ပြင်ဆင်နေရခြင်းဖြစ်သည်။ အကုန်ပြင်ဆင်ပြီး ခြံတံခါးဖွင့်လိုက်တော့ အနက်ရောက်ကားကြီးတစ်စီးကသူ့ရှေ့မှာရပ်လာသည်။ ကားတံခါးကို ကိုယ်ရံတော်တစ်ယောက်ကလာဖွင့်ပေးတော့ ကားထဲကနေ Kyung Sooထွက်လာကာ သူ့ကိုနှင်းဆီနီ 22 ပွင့်ပေးကာ
"HAPPY 22th BIRTHDAYပါ စီနီယာ ကျနော့်လက်ဆောင်ကကျတော့်ရဲ့အချစ်တွေအကုန်လုံးနဲ့ ဒီနှင်းဆီနီတစ်စည်းပါပဲနော် ကျနော်စီနီယာ့ကိုချစ်တယ် ပြီးတော့ ဒီနေ့အတွက် ဖိုက်တင်းး"
သူပြောချင်တာတွေပြောပြီး ကားပေါ်ပြန်တက်သွားကာသူ့ကိုပြုံးပြ၍ထွက်သွားတဲ့ကောင်လေးကိုကြည့်နေမိသည်။ သူကိုယ်တိုင်တောင်မေ့သွားတဲ့မွေးနေ့ကို ဒီကောင်လေးကအစောဆုံးသတိတရလူကိုယ်တိုင်ပန်းပေးရင်းဆုတောင်းပေးသွားခြင်းပင်ဖြစ်သည်။
Chanyeolတစ်ယောက်ကျေကျေနပ်နပ်ကြီးပြုံးကား ပန်းစည်းလေးကိုLover seatပေါ်တင်လိုက်ကာ Jong Inရှိရာ ကော်ဖီဆိုင်ကိုလာလိုက်သည်။ ဟိုရောက်တော့ DKS Entertainmentရဲ့Formကိုပေးရင်း သူကပါလိုက်ခဲ့မည်ဆိုတာကြောင့်နှစ်ယောက်သားအတူတူသွားကာ Jong Inကစောင့်ပေးလေသည်။ Chanyeolလည်း ဂစ်တာတီးကာကိုယ်တိုင်ရေးသီချင်းလေးကိုဆိုပြတော့ အနာဂတ်မှာအောင်မြင်နိုင်မဲ့အရည်အချင်းတွေတွေ့ရတယ်ဟုဆိုကာ First time မှာပင် Auditionအောင်သွားလေသည်။ Chanyeol Entertainmentထဲကနေပြန်ထွက်လာတော့ သူ့ဘေးကနေဖြတ်သွားတဲ့သူကိုရိပ်ခနဲမြင်လိုက်ပေမဲ့ သူလည်းပျော်နေတာကြောင့်ဂရုမထားဘဲ Jong In ဆီကိုသာသွားကာ
YOU ARE READING
ROSE (Complete)
Fanfiction8နှစ်ကြာတဲ့ထိတစ်ယောက်ထဲချစ်တယ်လို့ပြောနေတာမမောသေးဘူးလား ကိုယ့်ဂျူနီယာလေး #Chanyeol ကျနော်မမောဘူး ဒါပေမဲ့စီနီယာကကျနော်မောမှာစိုးရင် ကျနော်နဲ့အတူလိုက်ပြောပေးပေါ့ ...