Season 2 (Reupload)

4.4K 102 19
                                    

First Couple: ဂျက်ခ်+သောကြာ

"မင်းလေးက ကိုယ့်အတွက်အရမ်းအရေးပါတယ်လို့သဘောပေါက်လိုက်ချိန်မှာပဲ မင်းလေးရဲ့အနားကနေ ကိုယ်အပြီးအပိုင်ထွက်လာမိခဲ့တယ်။ ကိုယ်အရမ်းနောင်တရတယ်။ ပြီးတော့ ကိုယ်မင်းလေးကိုအရမ်းလွမ်းတယ်။ ကိုယ့်ရဲ့ဝင်​လေထွက်​​လေအသက်ရှုတဲ့အချိန်တိုင်းကိုလွမ်းတာ..."

"ငါလည်းမင်းကိုလွမ်းတယ်။ ငါ့စိတ်ထဲမှာ မင်းဆိုတဲ့​ဖြစ်တည်မှုကမရှိတော့ဘူးလို့ပြောရင် လိမ်ရာကျနေမှာပေါ့။ အရာအားလုံးကိုငါမေ့ထားနိုင်ခဲ့ပြီလို့ပြောပေမယ့် ငါ့အမူအရာကိုမြင်ရင် လှောင်ပြောင်နေကြမှာပေါ့။ ဒါပေမယ့် မင်းကိုမေ့နိုင်ဖို့က ငါ့ရဲ့အကြီးမားဆုံးကြိုးစားမှုဖြစ်ခဲ့တယ်။ နောက်ထပ်လည်း အချစ်ကြောင့်မယိမ်းယိုင်ချင်တော့တာမို့ တစ်ယောက်တည်းလွှတ်ထားပေးလို့မရဘူးလား..." 

Second Couple: ဇိုး+မယ်လွန်

"ကိုယ့်ကိုမင်းချစ်ခဲ့တယ်ဆိုတဲ့အသိက ကိုယ့်ကိုလုံလောက်စွာပျော်ရွှင်စေပေမယ့် မင်းကိုယ့်ကိုစွန့်ပစ်ခဲ့တယ်ဆိုတဲ့အသိကတော့ သေမလောက်နာကျင်ခဲ့ရတယ်။ ဒါပေမယ့်လည်း ကိုယ်မင်းကိုလွမ်းတယ်။ လွမ်းတာကိုဘယ်လိုစကားလုံးနဲ့မှနားလည်အောင်ဖော်မပြတတ်လောက်အောင်ကိုလွမ်းတာ..."

"ငါလည်းမင်းကိုလွမ်းခဲ့တယ်။ မင်းရဲ့အသံလေးပဲဖြစ်ဖြစ်ကြားချင်လို့ စိတ်ကမထိန်းနိုင်တာနဲ့ဆက်သွယ်ခဲ့ဖူးတယ်။ ဒါပေမယ့် ငါရလိုက်တာကမင်းဆီကသစ္စာဖောက်မှုဖြစ်ခဲ့တယ်။ ငါတစ်ခုမေ့သွားခဲ့တာက ငါတို့ကဘာမှမပတ်သတ်တော့တဲ့ဆက်ဆံရေးဆိုတာကိုလေ။ အဲ့ဒါကြောင့် သစ္စာဖောက်မှုဘယ်ဟုတ်တော့မလဲ။ မင်းရဲ့လွတ်လပ်မှုဖြစ်သွားပြီ။ ဟုတ်တယ်မလား..."

I miss you. I only miss you when I'm breathing. I only need you when my heart is beating.

(တစ်စုံတစ်ယောက်က သူတို့ချစ်ရတဲ့တစ်စုံတစ်ယောက်ကို ပြောခဲ့ဖူးတာတွေရှိတယ်။ "မင်းရဲ့အနားမှာ မခွဲဘဲအမြဲနေပါ့မယ်" တဲ့လေ။ မတည်နိုင်တဲ့စကားတစ်ခွန်းက​ ရယ်စရာပြက်လုံးတစ်ခုလိုပဲ။)

 Villian Representation in🖤Romance (Completed) Where stories live. Discover now