Chapter 17 ~Our future baby~

705 29 1
                                    

~Having your loved one by your side forever is the richest feeling ever~

အခုတလော သူ့မြေးရဲ့အခြေအနေအသေးစိတ်ကိုသိချင်လာတာကြောင့် သူမလူလွှတ်ပြီးစုံစမ်းခိုင်းထားသည်။ သူမရဲ့မွေးနေ့ပွဲပြီးကတည်းက တစ်ဖက်စေ့စပ်မိန်းကလေးမိသားစုဘက်ကအခြေအနေတွေတိတ်ဆိတ်နေတော့ သူမပူပန်ရမယ့်ကိစ္စပေါ်လာပြီလို့နားလည်လိုက်တာကြောင့် မြေးလေးရဲ့ခြေလှမ်းတွေကို စောင့်ကြည့်ချင်နေတာဖြစ်သည်။

"ငါစုံစမ်းခိုင်းတာမြေးလေးရဲ့ကောင်မလေးအရှုပ်အရှင်းကိစ္စ...။ အခုငါ့ကိုအခုဘာတွေလာပြနေတာလဲ"

သူမအကြီးအကျယ်ပေါက်ကွဲနေသည်။ သူမကိုပြလာတဲ့ဓာတ်ပုံ​တွေကိုခုံပေါ်ပစ်တင်လိုက်ပြီး တာဝန်ပေးလိုက်တဲ့သူကို အသုံးမကျမှုနဲ့အ​ပြစ်တင်နေသည်။ သူမစုံစမ်းခိုင်းတာက သူမမြေးရဲ့ကောင်မလေးကိစ္စကိုဖြစ်သည်။ ဒါပေမယ့် စုံစမ်းလာတာက ကောင်မလေးကိစ္စမဟုတ်ပဲ ကောင်လေးကိစ္စဖြစ်နေသည်။ မြေးလေးရဲ့သူငယ်ချင်းဖြစ်သူကပဲ မြေးလေးရဲ့တစ်နေ့လုံးလုပ်ငန်းဆောင်တာမှာပါနေတာကြောင့် ခိုင်းလိုက်တဲ့သူရဲ့ညံဖျင်းမှုကို မပြောမဖြစ် သူမပြောရတော့မည်။

သူ့ကိုစုံစမ်းဖို့လွှတ်လိုက်တဲ့ အမှုအပ်သူ​ဖြစ်တဲ့အဘွားက အခုသူ့ကိုအသေလွတ်ကြီးအပြစ်တင်နေတာကိုတော့ သူဘယ်လိုမှသည်းမခံနိုင်ဘူး။ အမှုအပ်တုန်းက မြေးဖြစ်သူရဲ့ကိစ္စအလုံးစုံကိုတင်ပြရမယ်လို့ပြောတာကြောင့် ခိုင်းတဲ့အတိုင်းပဲအလုပ်ကိုသေချာလုပ်ခဲ့ပြီး တင်ပြထားတာပဲကို မကျေနပ်နိုင်တာ သူဘယ်လိုလုပ်တတ်နိုင်မှာလဲ။ ကျေနပ်​အောင်လုပ်ဆောင်မပေးနိုင်တဲ့ မြေးဖြစ်သူကိုပဲအပြစ်သွားတင်ပါလားလို့ ပြောလိုက်ချင်တော့သည်။

"ငါအမှုအပ်တုန်းက​ မြေးလေးရဲ့ကောင်မလေးကိစ္စကို သေချာစုံစမ်းလို့မှာခဲ့တယ်လေ"

"ကျွန်တော်လည်း တသွေမတိမ်းလိုက်နာလို့ပဲ တစ်ပတ်လုံးမှာဖြစ်ပျက်တာတွေအသေးစိတ်ကို အခုလိုတင်ပြထားတာပါအဘွားရယ်..။ ကျွန်တော့်ဘက်က တာဝန်ကျေပါတယ်"

"တစ်ပတ်လုံးမှာ ဒါ​တွေကအကုန်ပဲလား။ တစ်ခြားမရှိဘူးလား။ ကောင်မလေးရော..ကောင်မလေးနဲ့တွေ့တာတွေ မရှိဘူးလား"

 Villian Representation in🖤Romance (Completed) Hikayelerin yaşadığı yer. Şimdi keşfedin