Chapter 4 ~I don't think that I could leave you again~

1K 53 11
                                    

~Every second every thoughts I'm in so deep, But I never show it on my face~

သောကြာအလုပ်သွားဖို့အချိန်မှီထ​ပြီး ပြင်ဆင်လေ့ရှိသည်။ အစောကြီးတော့ သူထလေ့မရှိဘူး။ သူ့အတွက်ကသူပဲရှိတာကြောင့် သူကိုင်တိုင်သာအရာအားလုံးကိုလုပ်ရသည်။ မနက်စာစားဖို့ကတော့ အမြဲတမ်းလမ်းထိပ်ကလက်ဖက်ရည်ဆိုင်သာဖြစ်သည်။ တစ်ခါတစ်လေဆို လက်ဖက်ရည်ဆိုင်မှာမယ်လွန်အဖေနဲ့တောင်တိုးတတ်သည်။ မယ်လွန်အဖေက သဘောကောင်းပေမယ့်လို့ ရှေးရိုးစွဲသည်။ အဲ့ဒါကြောင့်လည်း မယ်လွန်ကိုဇိုးကိုသဘောမတူနိုင်တာဖြစ်သည်။ အဲ့ဒါကလွဲလို့ကျန်တာအဆင်ပြေသည်။

ဒီနေ့လည်း သူအမြန်ပြင်ဆင်ပြီးလို့မနက်စာစားဖို့ထွက်လာခဲ့သည်။ ဒါပေမယ့်ဒီနေ့တော့ မယ်လွန်ရဲ့အဖေကို သူမမြင်မိဘူး။ ဒါလည်းကောင်းတာပဲ။ မဟုတ်ရင် လူကြီးတွေရဲ့ဆုံးမစကားကိုမနက်စောစောစီးစီးကြားနေရဦးမှာမလား...။

"အစ်ကိုစားနေကြဟာပဲလား"

"အေး ထုံးစံအတိုင်းပဲ"

သောကြာကတစ်ခုခုကိုဆိုငြီးငွေ့မလွယ်တတ်သူဖြစ်သည်။အမြဲတမ်းဆိုတဲ့စကားမှာသစ္စာရှိခဲ့သည်။

လာချပေးတာကိုကမန်းကတမ်းစား​နေရင်း လက်ထဲကဖုန်းကိုလည်းသည်းကြီးမဲကြီးကြည့်ရ​သေးသည်။ အဲ့ဒါက မနက်တိုင်းသူလုပ်နေကြအရာ​ဖြစ်သည်။ ဒါပေမယ့် သူ့ရှေ့ကိုနှင်းကရုတ်တရက်ဆိုသလို ရောက်လာသည်။

"နှင်း"

"အင်း...ဟုတ်တယ်ငါ။ တော်သေးတာပေါ့။ မော့ကြည့်ဖော်ရသေးလို့"

"မမြင်ဘူးဟ"

"ဘယ်မြင်မလဲ။ ခေါင်းကပန်းကန်​ထဲရောက်နေပြီး မျက်လုံးကဖုန်းထဲမှာစိုက်နေတာကို"

နှင်းရဲ့ပြက်လုံးကြောင့်သောကြာပြုံးစိစိဖြစ်သွားသည်။ တစ်ကယ်ပဲ သူအဲ့လိုများဖြစ်နေခဲ့လား။

"ငါအလျင်လိုနေလို့ပါ"

"ငါမြင်လိုက်တိုင်းနင်အလျင်လိုနေတာကြီးပဲ"

"အဲ့လိုဖြစ်နေလား "

"လျှော့လုပ်။ တော်ကြာ..တစ်ယောက်ထဲဂိနေမယ်"

 Villian Representation in🖤Romance (Completed) Où les histoires vivent. Découvrez maintenant