Chapter 11 ~I'm selfish so I can't let you go~

964 44 9
                                    

~Whenever I wanna see you I always look at my heart. Because it's the only place I can find you. Someone heart can keep someone secretly ~

သောကြာမနက်ထလာတော့ သူ့ခန္တာကိုယ်ကတစ်စုံတစ်ယောက်ကြောင့်နွေးထွေးနေသည်။ မျက်လုံးကိုအသေအချာဖွင့်ကြည့်လိုက်တော့ သူ့တစ်ကိုယ်လုံးကဂျက်ခ်ရဲ့ရင်ခွင်ထဲမှာရှိနေခဲ့မှန်းသဘောပေါက်သွားသည်။ ညကသူဘယ်အချိန်အိပ်ပျော်ခဲ့လဲကို​ သော​​ကြာမမှတ်မိတော့ဘူး။ သူခန္တာကိုယ်ကိုလှုပ်ကြည့်တော့ ဂျက်ခ်ကသူ့ကိုမလွှတ်တမ်းဖက်တွယ်ရာက ထပ်ပြီးတော့တိုးကပ်ဖက်တွယ်လာပြန်သည်။ အရင်ကဆို ဂျက်ခ်ကသူ့ထက်အရင်နိုးပေမယ့် ဒီမနက်ကတော့ဂျက်ခ်မနိုးနေသေးတော့ သောကြာလည်းငြိမ်နေလိုက်ရင်းသူ့ရှေ့ကသူကိုအသေးစိတ်ကြည့်နေလိုက်သည်။

မျက်လုံးမှိတ်ပြီးအိပ်မောကျနေတဲ့သူက သူ့ကိုတော့အလွတ်မခံဘဲတင်းကျပ်စွာဖက်ထားနေခဲ့သည်။ ဂျက်ခ်ဆီကဝင်လေထွက်လေအရှုအသွင်းက သောကြာဆီကို​ငွေ့​ငွေ့​လေးသက်ရောက်နေတော့ သူနွေးထွေးမှုကိုခံစားနေရသည်။ ဘယ်ချိန်ကြည့်ကြည့် မင်းကငါ့အတွက်တစ်ကယ်ဆွဲဆောင်မှုရှိတယ်...။ ဒီတိုင်းသာဘာမှမလုပ်ဘဲထိုင်ကြည့်နေမယ်ဆိုရင် မင်းဆီကဘယ်တော့မှငါရုန်းထွက်နိုင်လောက်မှာမဟုတ်ဘူးလို့ သူ့ကိုယ်သူသတိပေးနေမိသည်။

ဒီနေ့ကရုံးပြန်တက်ရက်မို့ သောကြာအလုပ်သွားရတော့မှာဖြစ်သည်။ သူဒီမှာအချိန်မကုန်သင့်မှန်းသိတော့ ဂျက်ခ်ဆီကနေရုန်းထွက်လိုက်သည်။ သူအခုမှသတိထားမိသည်။ သူ့ကိုယ်မှာဘာအဝတ်အစားတစ်စိုးတစ်စိမှ ရှိမနေဘူး။ ပြီးတော့ ဘာစေးကပ်မှုမှလည်းမခံစားရဘူး။ ဒါပေမယ့်တစ်ခုပဲ။ နာကျင်​နေရသည်။ ဒါတင်မကသေးဘူး။ သူ့တစ်ကိုယ်လုံးကလည်းကိုင်ပေါက်ခံထားရသလိုနဲ့ ခါးပင်မတ်နေအောင်မနေနိုင်ဘူး။ ဂျက်ခ်ရဲ့တင်း​ကြပ်တဲ့လက်​မောင်း​ကြားက​နေသူရုန်းထွက်လိုက်တော့ ဂျက်ခ်ကနိုးသွားတယ်ထင်သည်။ အိပ်ချင်မူးတူးနဲ့ သူ့ကိုနိုးနေပြီလားလို့မေးလာသည်။

"မင်းလေးအဆင်ပြေလား"

"အင်း"

"ကိုယ်ရေချိုးဖို့လိုက်ပို့ပေးမယ်"

 Villian Representation in🖤Romance (Completed) Where stories live. Discover now