~Say yes, baby. Promise you will marry me. Promise that you will let me love you until I take my last breath~
မနက်ဖြန်ရုံးသွားရမှာမို့ ဒီညတော့အမေတို့ဆီမှာမအိပ်တော့ဘဲ မယ်လွန်နဲ့ဇိုး အိမ်ကိုသာတန်းပြန်ခဲ့သည်။ တစ်ကယ်တော့ မနက်ဖြန်အလုပ်သွားမယ်ဆိုတာက အကြောင်းပြချက်သပ်သပ်သာဖြစ်သည်။ အမေတို့ကတော့ ဟင်းထုတ်ကြီးငယ်တွေအများကြီးပြင်ဆင်ပြီး ထည့်ပေးလာသည်။ တစ်ပတ်တစ်ခါ ဟင်းစားလာယူဖို့လည်း အတန်တန်မှာသွားသေးသည်။ သူတို့ထည့်ပေးလာတဲ့စားစရာတွေက တစ်ပတ်တည်းနဲ့ဘယ်လိုလုပ်စားလို့ကုန်မလဲကိုတော့ လူကြီးတွေကဘယ်သိပါ့မလဲ။ မေမေနဲ့မေနွယ်က သူ့ကိုငယ်ငယ်တုန်းက ပုံရိပ်အတိုင်းပဲ တသမတ်တည်းမှတ်ထားခဲ့တယ်နဲ့တူသည်။
အိမ်ရောက်တာနဲ့ကို ဇိုးကသူ့ကိုမပွေ့ဖက်ရတာကြာပြီဆိုပြီး အတင်းဖျစ်ညစ်နေတော့သည်။ တစ်ရက်လေးမထိတွေ့ရတာကို ဇိုးတစ်ယောက်နေမထိထိုင်မသာဖြစ်နေတာ တစ်ကယ့်ကိုသိသာသည်။ သူ့အစီအစဥ်ကြောင့်လည်း ဒီညနေသူတို့ပြန်လာဖြစ်တာဖြစ်သည်။
"ငါ့ကိုလွှတ်ဦး"
"ကိုယ့်ကိုဖက်ပါဦး။ မင်းကိုမပွေ့ဘဲအိပ်ခဲ့ရတာမို့ ကိုယ်အိပ်မပျော်ခဲ့ဘူး"
မနက်ကဘုရားတူတူတက်လာခဲ့ပြီးမှ အိပ်ရောက်တော့တီတီတာတာတွေက ထပ်စလာပြန်သည်။ ဇိုးတစ်ယောက်သူ့ကိုတစ်ကယ်ပဲ ပတ်ကျိတစ်ကောင်လိုကပ်နေနိုင်တာကိုတော့ မယ်လွန်လက်လန်သည်။
"ကိုယ်တို့လက်ထပ်ကြမလား"
သူ့ကိုပွေ့ဖက်ပြီးထိုင်နေရာကနေ ဇိုးဆီကဒီစကားတစ်ခွန်းကိုကြားလိုက်တဲ့အခါ လန့်သွားတာမို့ မယ်လွန်ရုတ်တရက်ခန္တာကိုယ်လှုပ်ရှားမိတော့ သူ့ခေါင်းကဇိုးရဲ့မေးစေ့ကိုသွားရိုက်မိသည်။ ဇိုးဆီကကျယ်လောင်တဲ့တုံ့ပြန်ချက်အောက်မှာ မယ်လွန်ပြာယာခတ်သွားသည်။
"နာသွားလား။ ငါလန့်သွားလို့ပါ..."
"ကိုယ်နဲ့လက်မထပ်ချင်လို့လား..."
"မဟုတ်ပါဘူး။ ငါအံ့ဩသွားလို့ပါ။ ပြီးတော့ပျော်သွားတာ"
"ကိုယ်လည်းပျော်တယ်။ မင်းကိုဘာနဲ့မဆို ကိုယ့်နားမှာချည်နှောင်ထားချင်တယ်။ ကိုယ်တို့လက်ထပ်ရအောင်..."
ESTÁS LEYENDO
Villian Representation in🖤Romance (Completed)
Romance"I LOVE YOU" I can't lie, I miss you. I want you to be by my side and stay with me forever ~🖤 ချစ်လည်းချစ်ခဲ့ဖူးတယ်။ လွမ်းလည်းလွမ်းခဲ့ဖူးတယ်။ ဒါပေမယ့် နောင်တတော့မရခဲ့ဖူးဘူး။ Someone Special (Someone I love) My Own Creation 🖤 (3)