Warning❗
~Your eyes, your smile_as bright as the stars, as gentle as the evening breeze... the most beautiful sight I've ever seen~
ဇိုးကသူ့ကိုပေါင်ပေါ်တင်ထားပြီး စက္ကန့်မလပ်အနမ်းတွေပေးလာသည်။ ဒီတိုင်းသာဇိုးသူ့ကိုဆက်နမ်းနေရင် မယ်လွန်နှုတ်ခမ်းတွေတော့မနက်ထလာရင် တော်တော်လေးကြည့်ကောင်းဦးမည်။ အရသာရှိမနေသောသူ့နှုတ်ခမ်းတစ်စုံက ဇိုးအတွက်ချိုချဥ်သဖွယ်ဖြစ်နေလားတော့မသိပါဘူး။ ဇိုးနမ်းလိုက်တိုင်းလွယ်လွယ်ကူကူနဲ့မယ်လွန်ပြန်ရုန်းမထွက်နိုင်ခဲ့ဖူးဘူး။
ဇိုးရဲ့လက်ကသူ့ခါးတစ်ဝှိုက်ကိုပွတ်သပ်ရာကနေ တဖြည်းဖြည်းနဲ့အင်္ကျီကြားထဲလျှိုဝင်သွားသည်။ သူ့ရဲ့ခန္တာကိုယ်ကိုပါထိတွေ့နေတဲ့ကြားက ဇိုးရဲ့အနမ်းကလည်းနည်းနည်းလေးတောင်မှ ပြတ်လပ်မသွားဘူး။ ဇိုးရဲ့လက်တွေထိတွေ့ပွတ်သပ်နေတဲ့နေရာက သူ့ရဲ့ရင်ဘက်တစ်ဝှိုက်နားမှာဖြစ်တာမို့ မယ်လွန်နေသနရခက်သည်။ ယားကျိကျိနဲ့ခံစားရပြီး ရင်ဘက်ထဲထိလိပ်ပြာတွေပျံသန်းသွားလာနေတဲ့အတိုင်းပင် ရင်ထဲကပါယားကျိကျိဖြစ်လာရသည်။
မယ်လွန်ယားတာကိုသည်းမခံနိုင်တော့တာကြောင့် ဇိုးကိုလှမ်းတားသည်။
"ငါယားတယ်..အဲ့နေရာမလုပ်နဲ့"
"ဟုတ်ပြီ..ကိုယ်မှတ်ထားလိုက်မယ်"
ဇိုးရဲ့ပင်တိုင်စကားတစ်ခွန်းက ကိုယ်မှတ်ထားလိုက်မယ် ဆိုတဲ့စကားတစ်ခွန်း။ ငယ်ငယ်လေးကတည်းကအမြဲပြောလာတဲ့စကားတစ်ခွန်း။ ဇိုးမှတ်ထားမယ်လို့ပြောတာက ဆင်ခြင်ဖို့မဟုတ်ဘူး။ သူ့ကိုပိုစချင်လို့...သူ့ကိုပိုအနိုင်ကျင့်ချင်လို့ပြောတတ်တဲ့စကားတစ်ခွန်းဖြစ်သည်။
နောက်တစ်ဖန် ဇိုးကအနမ်းကိုစတင်ပြန်သည်။ ဒီတစ်ခါတော့ဇိုးရဲ့အနမ်းကသူ့နှုတ်ခမ်းတင်မဟုတ်တော့ဘဲ သူ့မျက်နှာအနှံ့ကိုလိုက်နမ်းနေရုံသာမက နားစပ်နားရောလည်ပင်းသားတစ်ဝှိုက်မှာရောမို့ မယ်လွန်တစ်ယောက်ခန္တာကိုယ်ကပါတစ်ဆက်ဆက်တုန်ရီနေသည်။
သူ့ပါးစပ်ကထွက်လာတဲ့အသံသဲ့သဲ့လေးတွေက အထိအတွေ့ကိုသူတအားခံစား၍ကောင်းနေခြင်းဖြစ်သည်။ သူ့အသံကို သူကိုယ်တိုင်သာမကဘူး ဇိုးပါကြားနေရမှာကိုရိပ်မိလိုက်တော့ မယ်လွန်...သူ့လက်သူပြန်ကိုက်ပြီး အသံမထွက်မိအောင်တင်းခံထားသည်။
CZYTASZ
Villian Representation in🖤Romance (Completed)
Romans"I LOVE YOU" I can't lie, I miss you. I want you to be by my side and stay with me forever ~🖤 ချစ်လည်းချစ်ခဲ့ဖူးတယ်။ လွမ်းလည်းလွမ်းခဲ့ဖူးတယ်။ ဒါပေမယ့် နောင်တတော့မရခဲ့ဖူးဘူး။ Someone Special (Someone I love) My Own Creation 🖤 (3)