~ I am afraid that someone is going to make you happier than I do ~
မနက်ခင်းစောစောထပြီး သောကြာမနက်စာပြင်နေရင်း အလုပ်ရှုပ်နေချိန်မှာ သူ့နောက်ကိုတစ်ယောက်ယောက်က သိုင်းပြီးဖက်တွယ်လာတဲ့အထိအတွေ့က လှည့်ကြည့်နေစရာမလိုလောက်အောင် ရင်းနှီးနေတဲ့အထိအတွေ့လေးဖြစ်နေခဲ့သည်။ ထုံးစံအတိုင်း ကိုယ်ဗိုက်ဆာနေပြီလို့ သားလေးထက်တောင် ငြီးပြတတ်သေးသည်။
"သားကိုသွားနှိုး"
"ဟုတ်ပါပြီဗျာ"
ဂျက်ခ်တံခါးဖွင့်ပြီး သားလေးရဲ့အခန်းထဲကိုညင်ညင်သာသာလေးဝင်သွားလိုက်သည်။ အခုထိအိပ်မောကျနေတုန်းဖြစ်တဲ့ သူတို့ရဲ့သားလေးက ဒီအရွယ်ကိုတောင်ရောက်လာခဲ့ပြီလို့မြင်ရတော့ အချိန်ကကုန်တာမြန်လိုက်တာလို့ စောကဒတတ်ချင်သည်။ ထုံးစံအတိုင်း သားလေးရဲ့ပါးပြင်ပေါ်အနမ်းတစ်ပွင့်ခြွေပြီး နှိုးရတော့သည်။
သားလေးကနောက်လဆိုရင် သုံးနှစ်တောင်ပြည့်တော့မည်။ သားလေးသူတို့လက်ထဲရောက်လာတာက မနေ့တစ်နေ့ကလိုပင်ဖြစ်သည်။ အစကတော့ ဂျက်ခ်သဘောမတူချင်ပေမယ့်လို့လည်း အခုကျတော့သားလေးရှိနေတာက သူတို့ကိုပိုပြီးစိုပြေနေစေသလိုခံစားရသည်။ မိသားစုဆိုတဲ့ခံစားချက်မျိုးက တစ်ကယ့်အစစ်အမှန်ဖြစ်နေသလို ခံစားနေရသည်။ တစ်နေ့တစ်နေ့ဖြတ်သန်းနေရတဲ့ သူ့ဘဝရဲ့အနှစ်သာရဖြစ်နေတာလေးကို ဂျက်ခ်အရမ်းသဘောကျနေသည်။
"သားလေး"
တစ်ခွန်းခေါ်ပေမယ့် သားလေးကဘယ်သူနဲ့တူမှန်းမသိဘဲ နှိုးရသိပ်ခက်သည်။
"သား... ဒယ်ဒီခေါ်လို့မထရင် မင်းဖေဖေလာခေါ်မှာ... မကြောက်ဘူးလား"
ဖေဖေဆိုတဲ့အသံလည်းကြားရော သားလေးကကောက်ကာငင်ကာထလာသည်။ သားလေးက သူ့ဖေဖေကိုတော့ကြောက်သည်။ ဒယ်ဒီဖြစ်တဲ့သူ့ကိုတော့ နည်းနည်းတောင်မကြောက်နေခဲ့ဘူး။ ဒါကတော့ သူနဲ့တူတဲ့အချက်လေးဖြစ်လောက်သည်။ တွေးရင် သူ့ဘာသာသူပြန်ပြီး သဘောကျနေမိပြန်ရော...။
"ဟိုနှစ်ယောက်... ထွက်မလာသေးဘူးလား"
"ကိုယ်လာပြီ.."
VOUS LISEZ
Villian Representation in🖤Romance (Completed)
Roman d'amour"I LOVE YOU" I can't lie, I miss you. I want you to be by my side and stay with me forever ~🖤 ချစ်လည်းချစ်ခဲ့ဖူးတယ်။ လွမ်းလည်းလွမ်းခဲ့ဖူးတယ်။ ဒါပေမယ့် နောင်တတော့မရခဲ့ဖူးဘူး။ Someone Special (Someone I love) My Own Creation 🖤 (3)