~When we think of a good day for ourself, the weather automatically gets better, so want to write a comment saying that the weather is really nice today~
မယ်လွန်နဲ့ဇိုးအတွက်လည်း ဒီနေ့ကသူတို့မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်သည်။ အရင်နှစ်တွေမှာတော့ နှစ်ယောက်တည်းတူတူကုန်ဆုံးလာခဲ့တာဆိုပေမယ့် ဒီနှစ်မှာတော့ မိဘတွေနဲ့တူတူထမင်းလက်ဆုံစားဖို့စီစဥ်ဖြစ်ခဲ့သည်။ အလုပ်များတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အခုလိုမိသားစုစုံစုံလင်လင်မစားဖြစ်ခဲ့တာကြာပြီမို့ အခုတော့ အိမ်မှာမိသားစုအစုံအလင်နဲ့စည်ကားနေသည်။ မေမေနဲ့မေနွယ်တို့က တာဝန်ယူပြီးချက်ပြုတ်တာကို မယ်လွန်ဘေးကဝိုင်းကူဖြစ်သည်။ ဇိုးကတော့ ဖေဖေတို့နဲ့စကားကောင်းနေခဲ့သည်။ သူနဲ့ဇိုးတိုင်ပင်ထားတာကိုလည်း ဒီနေ့မိဘတွေကိုအသိပေးမယ်ဆိုပြီး ဆုံးဖြတ်ထားသည်။
"သားလေး..မေမေတို့လုပ်ယူမယ်။ ထားလိုက်"
"မေမေတို့ကလည်း သားကူညီတော့ ပိုမြန်တာပေါ့"
မေမေလည်းဘာမှဆက်မပြောတော့ဘဲ သူ့အလုပ်သူပြန်လုပ်နေသည်။ မေနွယ်ကတော့ သူ့အနားကိုကပ်လာပြီး သူ့ကိုတိုးတိုးတိတ်တိတ်လာမေးနေသည်။
"သားလေး...ဇိုးနဲ့ကအဆင်ပြေကြတယ်မလား"
"ပြေပါတယ်မေနွယ်ရဲ့"
သူ့ကိုမေနွယ်ဘာလို့လာမေးတာလဲဆိုတာကို မယ်လွန်သိသည်။ ဒီမတိုင်ခင် သူတို့တွေကိစ္စအမျိုးမျိုးကြောင့် ရန်ခဏခဏဖြစ်မြဲမို့ ဇိုးကရန်ဖြစ်တိုင်း အိမ်ပြန်မအိပ်ဘဲ သူ့အိမ်သူပြန်ရောက်သွားတတ်တော့ မေနွယ်ကပဲ အမြဲသူ့ဆီဆက်သွယ်လာပြီးပြောပြလေ့ရှိသည်။ ဒါပေမယ့် သူတို့ရဲ့ရန်ဖြစ်တယ်ဆိုတဲ့ကိစ္စတွေကလည်း သေးသေးမွှားမွှားသာဖြစ်သည်။ ဇိုးကလည်း တညလောက်အပြင်မှာအိပ်ပြီးရင် အချိန်တန်အိမ်ပြန်ဆိုတဲ့အတိုင်း သူကြိုက်တတ်တာလေးဝယ်လာပြီး ပြန်လာလေ့ရှိပေမယ့် သူ့ကိုဘယ်တော့မှ အရင်စပြီးမချော့ခဲ့ဘူး။ ချော့ရတဲ့သူက အမြဲသူသာဖြစ်သည်။ သူနဲ့ဇိုး တစ်ခေါက်ရန်အကြီးအကျယ်ဖြစ်ကြသေးသည်။ အဲ့ဒါကတော့ လွန်ခဲ့တဲ့တစ်နှစ်လောက်ကဖြစ်မယ်ထင်သည်။
KAMU SEDANG MEMBACA
Villian Representation in🖤Romance (Completed)
Romansa"I LOVE YOU" I can't lie, I miss you. I want you to be by my side and stay with me forever ~🖤 ချစ်လည်းချစ်ခဲ့ဖူးတယ်။ လွမ်းလည်းလွမ်းခဲ့ဖူးတယ်။ ဒါပေမယ့် နောင်တတော့မရခဲ့ဖူးဘူး။ Someone Special (Someone I love) My Own Creation 🖤 (3)