Chapter 16 ~Don't tell me everything alright~

703 26 0
                                    

~I will be all you need, beside you, I'll stand through the good and the bad, for you~

ဒီနေ့ကအဘွားရဲ့မွေးနေ့ပွဲမို့​ မွေး​နေ့ပွဲကျင်းပတဲ့​​နေရာဖြစ်တဲ့ အဘွားရဲ့အပန်း​​ဖြေအိမ်ယာကိုရောက်နေကြတာဖြစ်သည်။ သူငယ်ချင်းတွေအားလုံးကိုဖိတ်ဖို့ပြောတော့ ဂျက်ခ်အားလုံးကိုဖိတ်ခဲ့ပေမယ့် တစ်ကယ်တမ်းရောက်လာတဲ့သူက အင်းစက်တစ်ယောက်တည်းသာ...။ အင်းစက်လာလို့တော်သေးတာပေါ့လို့ ဂျက်ခ်တွေးမိသည်။ အင်းစက်သာရောက်မလာခဲ့ရင် သောကြာတစ်ယောက်တည်းဖြစ်နေမှာကိုသူကြိုပြီးစိတ်ပူနေခဲ့ရတာကြောင့်မို့ဖြစ်သည်။

အဘွားမွေးနေ့အတွက် သူတို့တွေရှော့ပင်းထွက်ခဲ့ပြီး ဝတ်စုံတူတောင်ရွေးခဲ့ကြတာဖြစ်သည်။ ဒါပေမယ့် သောကြာကသူ့နောက်ကိုလိုက်ခဲ့ရုံသာရှိပြီး ဘာမှမသိခဲ့ဘူး။ တစ်ကယ်တမ်းအခုလိုဝတ်စုံပြည့်နဲ့အဘွားကိုသွားတွေ့ရမယ်ဆိုရော အတင်းမလိုက်ဘူးချည်းသာပြောလို့ မနည်းချော့ပြီးခေါ်ထားရတာဖြစ်သည်။ ဇိုးတို့မယ်လွန်တို့လည်းလာမယ်လို့ကတိပေးထားတာမို့ အခုသူနဲ့အတူသောကြာရှိနေရခြင်းဖြစ်သည်။

မယ်လွန်ကသူတို့မလာနိုင်ကြောင်းဖုန်းဆက်တော့ သောကြာမျက်နှာလေးညိုးသွားတာကိုဂျက်ခ်သတိထားမိသည်။ အင်းစက်ရှိနေသေးလို့တော်သေးတယ်ဆိုပေမယ့် ဟိုတလောတုန်းကကိစ္စကလည်းရှိနေတော့ ကြည့်ရတာသောကြာကအင်းစက်နဲ့ဆို အနေရခက်နေတဲ့ပုံရှိသည်။ သူ့မှာလည်း အဘွားကအသိတွေနဲ့မိတ်ဆက်ပေးဖို့ခေါ်နေတာကြောင့် သောကြာဘေးနားမှာသူတစ်ချိန်လုံးရှိမနေနိုင်တာမို့ အင်းစက်နဲ့သာအပ်ခဲ့ရသည်။

အင်းစက်နဲ့သောကြာနှစ်ယောက်သားက တစ်ဝိုင်းထဲမှာထိုင်နေပေမယ့် ဘယ်သူ့ဘက်ကမှစကားစမပြောဘူး။ သောကြာစိတ်ထဲတွေးနေတာ​ အင်းစက်က​သူ့ကိုဂျက်ခ်နဲ့သဘောမတူခဲ့တာကြောင့် သူ့ကိုမုန်းနေမှာပဲလို့ထင်နေသည်။ ဘာလို့လဲဆိုတော့ သူကအင်းစက်ဆီကချစ်ရတဲ့သူငယ်ချင်းကိုလုယူခဲ့တဲ့သူမို့...။ အင်းစက်ကလည်း အစကတည်းကလက်မခံနိုင်ဘဲသောင်းကျန်းခဲ့တဲ့အနေအထားကရှိနေတော့ ဘာမှမဖြစ်သလိုခေါ်ပြောနေနိုင်ဖို့ကနည်းနည်းတော့ခက်သည်။

 Villian Representation in🖤Romance (Completed) Onde histórias criam vida. Descubra agora