Chapter 7 ~I want you forever~

956 49 9
                                    

~I want you forever even when we are together~

တစ်ကယ်လည်း သူ့ကိုပြောထားတဲ့အတိုင်းပဲ ဂျက်ခ်တစ်ယောက် အထုတ်အပိုးတွေနဲ့အိမ်ကိုရောက်ချလာသည်။ သောကြာစဥ်းစားနေတာက သူဘယ်တုန်းကများ လာနေဖို့သဘောတူပြီးခေါင်းညိမ့်မိလဲပေါ့။ ဒါပေမယ့် သူမမှတ်မိဘူး။ သူကသာစဥ်းစားခန်းဖွင့်နေတာ အထုတ်အပိုးနဲ့သူက​တော့ သူ့အိမ်ပေါက်ဝတောင်ရောက်နေခဲ့ပြီ။

အလုပ်ပိတ်ရက်မို့ ဒီနေ့ကိုအထုတ်အပိုး သူရောက်လာတာဖြစ်သည်။ အဘွားကိုသေချာပြောပြီး အပျော်တကြီးထွက်လာခဲ့ရလို့ သောကြာကိုအကြောင်းကြားထားဖို့ သူလုံးလုံးကြီးမေ့သွားခဲ့သည်။ သူဒီကိုမရောက်ခင်မှ သတိရလိုက်တာဖြစ်လို့ မဆက်သွယ်တော့ဘဲတန်းလာခဲ့သည်။ ဒါကြောင့်လည်း မြတ်နိုးရသူလေးက သူ့ကိုအထူးအဆန်းလုပ်ပြီးကြည့်တာကိုခံရတော့သည်။

"မင်းကိုငါသဘောတူတယ်လို့ ပြောခဲ့မိလား"

"ပြောခဲ့တယ်လေ။ မင်းလေးမမှတ်မိတော့ဘူးလား"

"ဟုတ်လား"

ဂျက်ခ်တစ်ယောက် ယောယောင်ပြီးဖြေနေသည်။ တစ်ကယ်တော့ သူစိတ်နဲ့သူရောက်ချလာတာဖြစ်သည်။ သောကြာဆီကတရားဝင်ခွင့်ပြုချက်ကို သူမစောင့်နိုင်ခဲ့ဘူး။ အဘွားကတောင် ရုတ်တရက်ကြီးသွားတော့မလို့လားဆိုပြီး အံ့သြနေခဲ့သေးသည်။ မင်း​လေးဆီမှာ ကိုယ်ရဲ့​ရှိသမျှအချိန်တွေအကုန်လုံးပုံအောပြီး တွယ်ကပ်နေချင်တာက အခုကိုယ့်ရဲ့အကြီးမားဆုံးဆန္ဒဖြစ်နေသည်။

သောကြာတစ်ယောက် သူမမှတ်မိတဲ့အကြောင်းကြောင့် ကြောင်တောင်တောင်လေးပဲခေါင်းညိမ့်လိုက်ရသည်။ ဂျက်ခ်ဆီကပါလာတဲ့အထုတ်အပိုးတွေကို သူနိုင်သလောက်ဝိုင်းသယ်ပေးပြီး အိမ်ထဲရောက်လာကြသည်။ ယောကျ်ားလေးအခန်းဆိုသူအခန်းပဲရှိတာမို့ အမေနဲ့ညီမလေးအခန်းကိုလည်းပေးမသုံးချင်တာကြောင့် တစ်ခန်းလွတ်နေတဲ့ ပစ္စည်းထားတဲ့အခန်းကို သောကြာသန့်ရှင်းရေးစလုပ်ဖို့ကြံတော့သည်။

"မင်းလေးအခန်းကဘယ်မှာလဲ"

"ဒီအခန်း"

သူအိမ်ကနှစ်ထပ်အိမ်မဟုတ်ဘဲ တစ်ထပ်တိုက်ကိုမှ လုံးချင်းအိမ်နဲ့အနေတော်ခြံဝန်းမျှရှိတဲ့နေရာလေးဖြစ်သည်။ သူ့အခန်းက ညီမလေးအခန်းနဲ့မျက်နှာချင်းဆိုင်ဘက်မှာရှိတာကြောင့် လက်ညိုးထိုးပြတော့ ဂျက်ခ်ကအထုတ်ကိုအဲ့ဒီကိုသယ်တော့သည်။

 Villian Representation in🖤Romance (Completed) Where stories live. Discover now