Part - 2 (Z+U)

13K 1.6K 70
                                    

🍼အဲ့ဒီ့အကြောင်း ပြောကြစို့ ( Uni )

သူ ကလေးကတည်းက ၊ ချိယွီကို 'အခြားသူများမိသားစု၏ ကလေး' ဟု အမြဲတစေ သင်ကြားရေး ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရသည်။

ချိယွီ ကောင်လေးနဲ့ ငြင်းခုံနေတာကို ရပ်လိုက်တယ်။သူ့ခေါင်းကို လှည့်လိုက်ပြီး သူ့ကိစ္စသူ စဉ်းစားနေလိုက်တယ်။

ဒီဘဝရဲ့ အသစ်အသစ်သော အရာအားလုံးကို ရရှိပြီးနောက်၊ ပြီးရင် ဘာလုပ်ရမလဲဆိုတာ သူစဉ်းစားထားမှရမယ်။

သူ ဒီကို ရောက်လာပြီးနောက်၊မထင်မှတ်ဘဲ အစားထိုးအဖေဖြစ်လာခဲ့တယ်။ကလေးကို မပျိုးထောင်လို့လဲမရ။ဒါဆို ကလေးကို ပျိုးထောင်တဲ့ ကုန်ကျစရိတ်အတွက် ငွေတွေက ဘယ်တွင်းထဲကထွက်လာတာလဲ?
ဒါကြောင့် သူအိမ်ပြန်ရောက်ရင် ဗီရိုတွေမှန်သမျှ မွှေနှောက်ပြီး မူလကိုယ်ရဲ့မိသားစုကို ရှာဖွေဖို့ စီစဉ်လိုက်တယ်။

နောက်တစ်ခုက မူလကိုယ်ဆီမှာ ဘာ‌တွေဖြစ်ပျက်သွားခဲ့တာလဲ?

ဟယ်ကျောင်း သာလျှင် မူလကိုယ် အပစ်ကျူးလွန်ခဲ့ဖူးတဲ့ သူ။ဒါကြောင့် ခံနိုင်ရည်ရှိလျှင် သည်းခံရမည်။

ဟယ်ကျိုး ကတော့ ကြည့်ရ‌တာ သူမရဲ့ အကို ဒါမှမဟုတ် ဆွေမျိုး တော်လောက်တယ်။ဒါကြောင့် သူ့ကို ရှောင်ရမယ်။

ရှီးယွီရှင်းကတော့ မူကိုယ်ရဲ့ သူငယ်ချင်းကောင်း။ဒါကြောင့် သူနဲ့ ကောင်းမွန်တဲ့ သူငယ်ချင်း ဆက်ဆံရေးတစ်ခု တည်ထောင်ရမယ်။

ဒါတွေကတော့ လက်ရှိဆက်ဆံရေးရဲ့ ကွန်ရက်တွေဖြစ်တယ်။တစ်ခြားသူတွေအတွက်ကတော့ ခုထိ ရှာ‌ဖွေတွေ့ရှိခြင်း မရှိသေးဘူး။

ဒီအကြောင်းတွေတွေးပြီးနောက် ချိယွီ ရုတ်တရက် သူ့ဝိဉာဉ်ကို ထပ်ပြီးရှာဖွေနေမိတယ်။ပြီးတော့ သူ " system " လို့ နှစ်ခါအော်ခေါ်လိုက်တယ်။ဘာတုံ့ပြန်မှုမှမကြားတော့ သူ့စိတ်ကို ဖြေလျှော့လိုက်တယ်။အဲ့ဒီတော့ ကြည့်ရတာ သူဘာtaskမှ လုပ်စရာမလိုဘဲ ဒါက ဒီတိုင်း သာမန်ကူးပြောင်းမှု တစ်ခု ဖြစ်မယ်လို့ တွေးလိုက်တယ်။

လက်ရှိမှာတော့၊သူက အထက်တန်းတတိယနှစ်။ဆိုလိုတာက သူဒီတစ်နှစ်ပြီးတာနဲ့ အေးအေးဆေးဆေး အနားယူနိုင်ပြီပေါ့။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now