< UNI >
နှစ်ယောက်သား tatamiဖျားပေါ်ထိုင်ရင်းငြိမ်နေကြသည်။
တိတ်ဆိတ်မှုကအခန်းကို လွှမ်းမိုးလို့သွားကာ ရှောင်ကျိုးလေးရဲ့အသံက တိတ်ဆိတ်မှုကိုချိုးဖျက်ပေးလာခဲ့တယ်။ နှစ်ယောက်လုံး အသံလာရာကလေးပေါက်စီအကြည့်ပို့မိကြသည်။
ရှောင်ကျိုးလေးမှာတော့ ပျော်ရွှင်လို့နေကာ ၊ အဲ့အားသင့်စွာသူ့အမြှီးလေးကိုခါယမ်းကြည့်လို့နေတယ်။
--ဟယ်ကျိုး အကုန်သိသွားပြီးဖြစ်တာကြောင့် ချိယွီလဲအရင်လိုဖုံးကွယ်မနေတော့သလို အမြှီးလေးကိုလဲ ဖိအားပေးမသိမ်းတော့ပဲ ခါယမ်းခွင့်ပြုထားလိုက်တယ်။
ထိုအချိန်မှာ အမြှီးလေးက ကွေးညွှတ်သွားကာ ချိယွီလက်ကို တွယ်ချိတ်လာပြီး ချိယွီရဲ့လက်နဲ့ဆော့ကစားလာတယ်။ သူ့မားမားလက်ကိုချိတ်မိရင် ပျော်ရွှင်စွာမြူးထူးနေပြီး ပြန်ဖြုတ်လို့ထပ်ချိတ်တဲ့အခါ လွဲချော်သွားရင် မျက်မှောင်ကြုံ့ဆူပုတ်ကာ ထပ်မံကြိုးစားမည်ဖြစ်သည်။
ဟယ်ကျိုးက ကလေးကိုအချိန်ကြာမြင့်စွာကြည့်နေပြီးနောက် : "ဘာလို ကလေးကအဲ့လိုပြုမူနေရတာလဲ?"
ချိယွီ : "ငါလဲမသိဘူး"
"ဒါဆိုဘယ်တုန်းက ဒီအမြှီးပေါက်လာတာလဲ?"
"သူတရေးတမောအိပ်ပြီး နိုးတော့ထွက်လာတာပဲ"
ထို့နောက်ချိယွီကဟယ်ကျိုးကိုတစ်ချက်ကြည့်ကာ : "ကဲထပ်မမေးနဲ့တော့! ၊ ငါလဲမသိတော့ဘူး"
ဟယ်ကျိုးလဲငြိမ်သွားခဲ့တယ်။
သူက ရှောင်ကျိုးလေးကို နက်ရှိုင်းတဲ့အကြည့်တွေနဲ့ကြည့်ရင်း မျက်မှောင်အနည်းငယ်ကြံ့မိသွားကာ တဖြည်းဖြည်း သူ့မျက်နှာဟာလဲပိုတည်လာခဲ့တယ်။ချိယွီက ရှောင်ကျိုးလေးကိုပွေ့ဖက်လိုက်ပြီး : "ဒါနဲ့တခြားသူတွေကိုအသိပေးလိုက်လို့မဖြစ်ဘူး !၊ အဲ့လိုဆို...အကုန်ပြဿနာတက်ကုန်လိမ့်မယ်...။ မင်းသဘောတူလား?"
အမြှီးထွက်လာတဲ့ကိစ္စက လုံးဝသွေးရိုးသားရိုးမဟုတ်ပေ။
ရှောင်ကျိုးလေးရဲ့အမြှီးကိစ္စမှာ တစ်ကယ့်ကို ကိစ္စရပ်ကြီးတစ်ခုဖြစ်ပြီး ပြင်ပလူတွေသာသိသွားပါက သတင်းစာခေါင်းကြီးပိုင်းတွေတွင်ပါလာလိမ့်မည်။
ESTÁS LEYENDO
『omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gp
Romance𝙎𝙏𝘼𝙍𝙏 𝘿𝘼𝙏𝙀 : 2022 𝗝𝗮𝗻 25 𝙀𝙉𝘿 𝘿𝘼𝙏𝙀 : 2023 April 29 [ Paid gpမှာ အပြီးထိရပါပြီ!! ]