🍼 ချိယွီကAlpha? ? |Uniလူနာဆောင် 0728.
တံခါးဘေးက ကုတင်နှစ်လုံးဟာလည်း ဗလာကျင်းလို့နေလေတယ်။လူနာဆောင်ရှိ ချိယွီဘေးကနှစ်ယောက်မှာ၊ တစ်ယောက်က ဆေးရုံကဆင်းပြီး ကျန်တစ်ယောက်ကတော့ ဆေးစစ်ဖို့ သွားတာကြောင့်ဖြစ်မည်။ ထို့ကြောင့်၊ လူနာဆောင်ထဲမှာတော့ လူနှစ်ယောက်သာ ကျန်ရှိတော့ပြီး တစ်ယောက်ကလဲလျောင်းနေကာ ကျန်တစ်ယောက်ကတော့ ထိုင်နေပြီး၊ နှစ်ယောက်စလုံး တိတ်ဆိတ်လို့နေသည်။
ဟယ်ကျိုးက မျက်လွှာချလိုက်ကာ၊ ဆေးရုံကုတင်ပေါ်က ချိယွီကို ဗလာသပ်စွာ ကြည့်လိုက်တယ်။
ချိယွီမှာ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်ထားကာ၊ သူ့မျက်ခွံတွေက လေးလံလို့နေပြီး၊ သူ့တစ်ကိုယ်လုံးကို သာမန်မျက်စိဖြင့် မမြင်နိုင်သော လေဖိအားနည်းရပ်ဝန်းက ဝန်းရံထားပုံရသည်။ စစ်ဆေးမှုပြီးလို့ ပြင်ပလူနာတစ်ဦး အခန်းတွင်းသို့ ပြန်ရောက်လာတဲ့အခါ ဟယ်ကျိုးရဲ့ အမူအရာကို မြင်ပြီး ခေါင်းကို လှည့်ကာ အခန်းပြင်ကိုသာ တိတ်တဆိတ်ပြန်ထွက်သွားတော့တယ်။
အချိန်တွေကြာလာတော့ ဆေးရုံကုတင်ပေါ်ကချိယွီတစ်ယောက် ချွေးအေးများစိမ့် ထွက်လို့လာခဲ့တယ်။
သူကြည့်ရတာ အလွန်နာကျင်ပုံပေါက်သော်လည်း စကားတစ်ခွန်းမှ မပြောဘဲ လက်တွင်ပိုက်တန်းလန်းဖြင့် မလှုပ်နိုင်မကိုင်နိုင်ဖြစ်လို့နေလေတယ်။သူ့အနေနဲ့ မျက်လုံးကိုမှိတ်ထားရင်း နှုတ်ခမ်းကိုသာကိုက်ထားကာ၊ တစ်ကိုယ်လုံး တုန်ယင်လို့နေပြီး သူ့ မျက်နှာဟာလည်း ဖြူဖျော့လို့နေလေတယ်။
"နာနေလား?" ဟယ်ကျိုးက ရုတ်တရက် မေးလာခဲ့တယ်။
ချိယွီက အသက်ပြင်းပြင်းရှုလိုက်ကာ၊ သူ့ရဲ့နှုတ်ခမ်းပါးများဂာလည်း ကိုက်ရာကြောင့်သွေးများစွန်းထင်းသွားရင်း၊ နှုတ်ခမ်းဟာလည်း အနည်းငယ် ဖွင့်ဟလို့လာခဲ့တယ်။
သူနိုးနေပြီ၊ အရမ်းကိုနိုးကြားလို့နေပြီ။
သူ့ရဲ့ခန္ဓာကိုယ် နာကျင်မှုတွေကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး၊ လူတွေရဲ့အမေးတွေကို အသိဉာဏ်ရှိရှိ ဖြေဆိုနိုင်သည်အထိ နိုးကြားသည်။

VOUS LISEZ
『omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gp
Roman d'amour𝙎𝙏𝘼𝙍𝙏 𝘿𝘼𝙏𝙀 : 2022 𝗝𝗮𝗻 25 𝙀𝙉𝘿 𝘿𝘼𝙏𝙀 : 2023 April 29 [ Paid gpမှာ အပြီးထိရပါပြီ!! ]