Part - 7 (Z+U)

10.2K 1.4K 42
                                    

🍼 ငါဒီမှာရှိ‌နေမှာ၊ ဘယ်မှမသွားဘူး ( Uni )

"မင်းငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ?" ချိယွီ ယွီကျိုးလေးကိုမြင်ရအောင် သူ့ရှေ့ပြန်ပြောင်းချီလိုက်တယ်။

ချိယွီ ပျော်ရွှင်သွားပြီး သူ့လည်ပင်းနောက်ကျောကဒဏ်ရာကိုတောင် ဂရုမစိုက်နိုင်တော့ဘူး။အဖေဖြစ်တာကြာပြီဖြစ်သော်လည်း ယွီကျိုးလေးစကားစပြောကာ၊ သူ့ရဲ့ပါးစပ်လေးကိုဖွင့်ပြီး 'ပါးပါး' လို့ခေါ်တာကြားဖူးရသည်မှာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။

ယွီကျိုးလေးက ခေါင်းလေးကိုစောင်းကာ သူ့ကိုကြည့်လာတယ်။လုံးဝန်းနေတဲ့ မျက်လုံးလေးတွေထဲမှာ ကြီးမားတဲ့သံသယ‌တွေနဲ့ပြည့်နေတယ်။

"ထပ်ပြောပါအုံး, 'ပါးပါး' လို့ထပ်ပြောပါအုံး"

ချိယွီက ဆိုဖာပေါ်မှာ တင်ပျဥ်ခွေထိုင်လိုက်ကာ ၊သူ့ရဲ့သားကို ကိုးရိုးကားယားနိုင်စွာသင်ပေးလာတယ် ။

"ပါးးးပါးးး ၊ပါပါး—ပါပါး—လုပ်စမ်းပါ,မင်းခုဏကပြောလိုက်သလိုဘဲပြောစမ်းပါ , ထပ်ပြောကြည့်"

ယွီကျိုးလေးက ချိယွီကို မျက်မှောင်ကြုတ်ကာကြည့်လိုက်ပြီး၊ရုတ်တရက်သူ့ရဲ့ခေါင်းလေးကိုငုံ့ကာ ချိယွီရဲ့လက်ချောင်းလေးတွေနဲ့ ကစားနေလိုက်ပြီး၊ 'အမ်'ဟုအသံပြုလာတယ်။ သူ့ကြည့်ရတာ စိတ်မဝင်စားပုံရတယ်။

ထို့နောက်၊ ချိယွီက ယွီကျိုးလေးကို အကြိမ်ပေါင်းများစွာသင်ပေးနေခဲ့ပေမယ့် ၊ယွီကျိုးလေးက လျစ်လျူရှုနေဆဲဖြစ်ကာ၊ နောက်ဆုံးတော့ သူ့မျက်ခွံတွေလေးလံလာခဲ့တယ်။သူ 'ပါးပါး' လို့ပြောနေတဲ့အချိန်မှာတော့ သူက အိပ်ပျော်တော့မယ့်ပုံ​​တောင် ပုံပေါက်နေပြီ။

ချိယွီ: "..."

ချိယွီက သက်ပြင်းချလိုက်ကာ ယွီကျိုးလေးကို သူ့ပုခုံးပေါ်ပွေ့တင်ပြီး ဖက်လိုက်တယ် ၊ nanny(ကလေးထိန်း) ရဲ့လမ်းညွှန်မှုအတိုင်း ယွီကျိုးလေးရဲ့နောက်ကျောကိုပုတ်ပေးနေလိုက်ကာ၊ အိပ်ပျော်သွားအောင် ချော့မြူနေလိုက်တယ်။

သူ,မဖြစ်စေချင်ခဲ့တဲ့အတိုင်းဘဲ၊ ငိုက်မြည်းနေခဲ့တဲ့ကလေးငယ်လေးဟာ ချက်ချင်းဘဲ စိတ်အားထက်သန်ကာ တက်ကြွလာခဲ့တယ်။ခြေထောက်ပုတိုလေးနှစ်ချောင်းနဲ့ ချိယွီရဲ့ ဗိုက်ပေါ်နင်းပြီး ၊ခေါင်းသေးသေးလေးဟာလည်း ချိယွီရဲ့လည်ပင်းကိုတိုးဝေ့လာတယ်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now