🍼ဒါဆိုလဲ ၊ စာမေးပွဲမှာ ဘယ်သူကပထမနေရာရမလဲ ကြည့်ကြတာပေါ့ ( Uni )
စာမေးပွဲသည် လစဉ်ပုံမှန်စာမေးပွဲတစ်ခုသာဖြစ်သော်လည်း တစ်ကျောင်းလုံး ဖြေဆိုရမည်ဖြစ်သည်။
ဤသည်က Alpha၊ Betaနှင့် Omega အားလုံးစုပေါင်းပြီး မတူညီသော စာမေးပွဲခန်းများတွင် ရောနှောပါဝင်ရန် ရှားပါးသောအခွင့်အရေးတစ်ခုဖြစ်သည်။ စာမေးပွဲခန်းတိုင်းတွင် pheromone စစ်ထုတ်မှုများအားလုံးကိုလည်း ဖွင့်ထားလျက်ရှိသည်။
စာမေးပွဲခန်းတစ်ခုစီကို Alpha နှင့် Beta ဆရာနှစ်ဦးစလုံးက စောင့်ကြည့်ကြမည်ဖြစ်သည်။ ရုတ်တရက် မတော်တဆမှုမဖြစ်ပွားစေရန်အတွက်လည်း ကော်ရစ်ဒါတွင် ကင်းလှည့်နေသော Alpha ဆရာတစ်ဦးလည်း ရှိသည်။
အတန်းပိုင်ဆရာမက ဝင်ခွင့်လက်မှတ်ကို ထုတ်ပေးပြီး ပြန်ထွက်သွားတော့ အားလုံးရဲ့ အာရုံစိုက်မှုက စာမေးပွဲဆီသာရောက်ရှိသွားပြီး၊ ချိယွီကို ဘယ်သူမှ ထပ်ပြီးအာရုံစိုက်မနေကြတော့ပေ ။ ထို့အစား၊သူတို့ တီးတိုးကာ ပြောဆိုလာကြသည်က :
"မင်းဘယ်အခန်းကျလဲ?ငါကတော့ အခန်း24မှာ"
"ငါက 21"
"ငါတော့ မနေ့ကတစ်ညလုံး ဘုရားသခင်က ငါ့ကို Alphaလေးယောက်လောက် ပေးသနားပြီး သူတို့တွေ ငါ့ပတ်ပတ်လည်မှာ ထိုင်စေဖို့ မျှော်လင့်ရင်း ၊ အင်တာနက်ပေါ်မှာ ငါးကြင်းပုံတွေဘဲ ဆက်တိုက်တင်နေခဲ့တာ"
(T/N : "Forwarding Koi"- တရုတ်နိုင်ငံတွင် koi ငါးကြင်းသည် ကျော်ကြားမှု၊ မိသားစုသဟဇာတဖြစ်မှု၊ ချမ်းသာမှုနှင့် ဒုက္ခများကို ကျော်လွှားခြင်းတို့ကို ကိုယ်စားပြုသည်။ ဆိုရှယ်မီဒီယာမှာ Koi ရဲ့ပုံတွေကို ပြန်တင်ခြင်းဟာ ကံကောင်းခြင်းတွေ သယ်ဆောင်လာတယ်လို့ ယုံကြည်ကြသည်။)
"မင်းက ဘာလို့ Alphaလေးယောက်ဝိုင်းတာ ခံချင်နေရတာတုံး?မဟုတ်မှ မင်းရဲ့ နွေဦးနှလုံးသားလေးက ပွင့်နေပြီပေါ့လေ?"
(T/N : 春心荡漾了 [chūn xīn dàng yang] <နွေဦးပေါက် နှလုံးခုန်သံ>- လူနှစ်ယောက်ကြား "မြူးမြူးကြွကြွ" ချစ်ခြင်းမေတ္တာကို ဖော်ပြသည့် အသုံးအနှုန်းတစ်ခု။)

ESTÁS LEYENDO
『omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gp
Romance𝙎𝙏𝘼𝙍𝙏 𝘿𝘼𝙏𝙀 : 2022 𝗝𝗮𝗻 25 𝙀𝙉𝘿 𝘿𝘼𝙏𝙀 : 2023 April 29 [ Paid gpမှာ အပြီးထိရပါပြီ!! ]