🍼 ကြံ့ခိုင်သန်မာတဲ့ Capital ( Uni )
"မင်းသူ့ကို မနှောက်ယှက်တော့ဘူးလို့ ကတိပေးထားတယ်မလား?"
ချိယွီက အံ့ဩသွားပြီးမျက်မှောင်ကြုတ်လိုက်ကာ
"ငါဘယ်သူ့ကိုနှောက်ယှက်နေလို့လဲ ၊ သူကမှသာ ငါ့ကိုလိုက်နှောက်ယှက်နေတဲ့သူမဟုတ်ဘူးလား?"
ရှီးယွီရှင်း : "သူကစပြီး မင်းကိုနှောက်ယှက်တယ်ဆိုရင်တောင် ၊ မင်းသူ့ကို ရှောင်သင့်တယ်"
ချိယွီ : "..."
ချိယွီ : "???"
ရှီးယွီရှင်းက Beta တစ်ယောက်ဖြစ်သည်။သူက omega တွေထက် အများကြီး သန်မာပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလယ်အလတ်သာ ရှိတာကြောင့် ချိယွီကို အချိန်အကြာကြီး သယ်လာပြီးနောက် သူ ပင်ပန်းလာခဲ့သည်။
သူက ချိယွီ ဘေးမှာ ထိုင်ချလိုက်ပြီး ချိယွီရဲ့ ခြေထောက်နဲ့ပခုံးတွေကို နှိပ်နယ်ပေးနေကာ ပြောလိုက်တယ်။
"ကံကောင်းစွာနဲ့ ဟယ်ကျိုးကြည့်ရတာ အဲ့ဒါကို ဂရုမထားပုံဘဲ ၊မဟုတ်ရင် အဲဒီ ကော်ဖီဆိုင်ထဲက ဆွဲထုတ်နိုင်မလားဆိုတာ ဘယ်သူသိမလဲ။ "
ချိယွီ တိတ်ဆိတ်သွားခဲ့တယ်။
ရှီးယွီရှင်းက 'ဟယ်ကျိုး' လို့ပြောခဲ့တာဖြစ်တယ် ။
အဲ့ဒီ့လူရဲ့ အသွင်အပြင်အရ ၊ ဟယ်ကျောင်းရဲ့ အကိုဖြစ်ပုံရတယ် ။
ချိယွီရဲ့ဒေါသတွေဟာ ချက်ချင်းဘဲ အပြင်ကိုပေါက်ကွဲထွက်လာခဲ့တယ်။
ကောင်းပြီ ၊ သူမျိုးရိုးနာမည် 'ဟယ်' တွေရဲ့ အဝေးမှာဘဲနေတော့မယ်။
"ငါသိပြီ ၊ နောက်ကျရင် သူ့ကိုရှောင်ပါ့မယ်"
ရှီးယွီရှင်း : "မင်းငါ့ကို မနေ့ကလေးတင် ဒီကတိပေးခဲ့တာဘဲလေ"
ချိယွီ : "..."
ချိယွီ : "ဒါနောက်ဆုံးအကြိမ်ပါ ၊ နောက်တစ်ကြိမ်ဆိုတာ လုံးဝမရှိစေရဘူး "
စိတ်ဆိုးပြီး နုံအပုံပေါ်တဲ့ ရှီးယွီရှင်းက ချိယွီကို ထပ်ပြီး ယုံကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ။
နှစ်ယောက်သား နေ့လည်စာအတွက် မုန့်ဝယ်ရန် စူပါမားကတ်သို့သွားကာ ထမင်းစားပြီးနောက် စာသင်ခန်းသို ပြန်သွားခဲ့ကြသည်။

ESTÁS LEYENDO
『omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gp
Romance𝙎𝙏𝘼𝙍𝙏 𝘿𝘼𝙏𝙀 : 2022 𝗝𝗮𝗻 25 𝙀𝙉𝘿 𝘿𝘼𝙏𝙀 : 2023 April 29 [ Paid gpမှာ အပြီးထိရပါပြီ!! ]