🍼 အရမ်းမြန်လွန်းတယ် ( Uni )
( **အရင်က ဘာသာပြန်ထားသော 'yuesao' [ယူးဆောင်၊ရူးဆောင်]ကို ယခုအခါ 'nanny' ဟု ဘာသာပြန်ပါမည်ဖြစ်ပါသည်။ ၎င်းသည် တူညီသော အဓိပ္ပါယ်ရှိပြီး စာဖတ်ခြင်းကို မထိခိုက်စေရန် မျှော်လင့်ပါသည်။ )
ချိယွီက ခေါင်းငုံ့ကာ အောက်ကိုတစ်ချက်ကြည့်လိုက်ပြီး အံ့အားသင့်သွားတယ် : "..."
သူ့နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး တိတ်ဆိတ်သွားခဲ့တယ်။
ရေချိုးခန်းထဲမှာတော့ ရေကျသံတွေသာရှိခဲ့ပြီး ပူနွေးတဲ့မြူခိုးငွေ့တွေက သူတို့နှစ်ယောက်ကို ဝန်းရံထားခဲ့တယ်။
တော်တော်ကြာတဲ့အထိ ဘယ်သူမှ စကားစမပြောခဲ့ကြဘူး။
ချိယွီက သူ့ခေါင်းကိုတိတ်တဆိတ် ပိုငုံ့လိုက်ကာ၊ ဟယ်ကျိုးရဲ့နှုတ်ခမ်းထက်ကအပြုံးတွေကတော့ ပိုကျယ်ပြီးရင်းကျယ်လာခဲ့တယ်။
"ဂေး" ဟူသောစကားလုံးသည် အနည်းငယ် အိုဟောင်းနေပြီဖြစ်သည်။
သမိုင်းတွင် ဤစကားလုံးသည် လူသားများကို Alpha,Betaနဲ့Omegaဟူ၍ မခွဲခြားမီကတည်းက တည်ရှိခဲ့တာဖြစ်ပြီး၊ ထိုအချိန်က ယောက်ျားနှင့်မိန်းမ ဟူ၍နှစ်မျိုးသာရှိ၍၊ လိင်တူနှစ်သက်သော အမျိုးသားများကို "ဂေး" ဟုခေါ်ခဲ့ကြသည်။
သာမည ကျား၊မ ခွဲခြားမှုသည် နှစ်,ရာနဲ့ချီ ကြာခဲ့ပြီး ယခုအချိန်တွင် လိင်၏အဓိကဖော်ပြချက်များသည် Alpha,Betaနဲ့Omegaများဖြစ်လာပြီး ၊ အမျိုးသား သို့မဟုတ် အမျိုးသမီး၏ မူလလိင်ကို ဘယ်သူမှ ဂရုမထားချေ။
အဆုံးမှာတော့ ၊ ယောက်ျားလေးနဲ့မိန်းကလေးများ ရှိသည့်အတန်းတွင် ၊ ရုပ်ရည်သွင်ပြင်ကလွဲ၍ ကွာခြားမှုမရှိပေ။
"ဂေး" ဟူသောစကားလုံးကို ဟိုးရှေးရှေးကတည်းက အသုံးမပြုတော့တာ ကြာပြီဖြစ်သောကြောင့်၊ လူအများစုပင် မသိကြပေ။
ဒါဆို စာကျက်ရတာကို မကြိုက်ဘဲ စာမေးပွဲတွေမှာ သုညရနေတဲ့ ချိယွီက ဒီစကားလုံးကို ဘယ်ကကြားဖူးတာဖြစ်နိုင်မလဲ?
သူက ဒီစကားလုံးကို...ကျွမ်းကျင်စွာအသုံးပြုနေပြီး ၊ အဲ့စကားလုံးနဲ့ပတ်သက်ပြီး ဘာအမှားမှမရှိဘူးလို့ ထင်နေပုံရတယ်။

YOU ARE READING
『omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gp
Romance𝙎𝙏𝘼𝙍𝙏 𝘿𝘼𝙏𝙀 : 2022 𝗝𝗮𝗻 25 𝙀𝙉𝘿 𝘿𝘼𝙏𝙀 : 2023 April 29 [ Paid gpမှာ အပြီးထိရပါပြီ!! ]