🍼အကိုကသူ့ကို တစ်ကယ်ကြိုက်နေတာဘဲ|Uniဆေးထိုးအပ် သူ့လည်ပင်းထဲစိုက်ဝင်သွားတာနဲ့၊ ချိယွီလည်း ပိုပြီး သက်သောင့်သက်သာရှိသွားသလို ခံစားလိုက်ရတယ်။
သူက သူ့ခေါင်းကိုခါယမ်းလိုက်ကာ၊ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သက်ပြင်းချလိုက်တယ်။
"အဆင်ပြေသွားပြီ"ဟယ်ကျိုးက ကားခုံကိုမှီထိုင်နေပြီး၊ သူ့ရဲ့နက်မှေုာင်လှတဲ့မျက်လုံးများကလည်း တစ်စုံတစ်ခုကိုရှာဖွေဖို့ကြိုးစားနေသယောင်။
တားမြစ်ဆေးတွေက ခန္ဓာကိုယ်နှင့် စိတ်ရဲ့ ပူလောင်မှုကိုသာ ထိန်းထားပေးနိုင်ကာ ၊ ဦးနှောက်ကို ပြန်လည်လန်းဆန်းစေပြီး မူးဝေခြင်းကိုတော့ ပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ပေ ၊ ထို့ကြောင့်"ငါအဆင်ပြေသွားပြီ"ဆိုတာဟာ ဘာကိုဆိုလိုသလဲ သူနားမလည်နိုင်ခဲ့ပေ။
သူလည်း ချိယွီကိုအပေါ်တစ်ပြန်အောက်တစ်ပြန် မကြည့်ဘဲမနေနိုင်ခဲ့ပေ။ သူမေးလိုက်တယ် : "မင်းရဲ့လည်ပင်းနောက်ကိုထိတာ ကိုယ်မြင်လိုက်တယ်။ဘာလို့လဲ? မသက်သာသေးဘူးလား?"
ချိယွီကသူ့ခေါင်းကိုခါယမ်းပြလာတယ်။"မဟုတ်ပါဘူး။ ငါသက်သာနေပြီ"
သို့သော်၊ သူ,မပြောခဲ့သည့်အရာတစ်ခုမှာ အမှတ်အသားအား ဖယ်ရှားပြီးနောက် ဂလင်းများ၏ အပူချိန်သည် မူလကအရေပြားထက် ပိုအထိမခံနိုင်ပုံရပြီး ထိတွေ့ရသည်မှာ အမြဲပူနေကာ တစ်ခါတစ်ရံ ဂလင်းတွေဟာ အဖျားတက်နေတာများလားဟုပင် သူ့ကို ထင်ယောင်ထင်မှားဖြစ်စေခဲ့သည်။
နှစ်ရက်အတွင်း ဆေးစစ်ဖို့ ဆေးရုံကိုထပ်သွားရဦးမည်ဟု သူ့ကိုယ်သူ တွေးနေမိသည်။
သုံးပြီးသား တားဆေးတွေကို ကားထဲက အမှိုက်ပုံးထဲကို ထည့်လိုက်ပြီး ချိယွီက "စောသေးတယ်၊ကုန်တိုက်ကို ပတ်ကြည့်ကြရအောင်။ မင်းအိမ်သွားလည်ရင်း လက်ဆောင်တွေလဲ ယူလာခဲ့သင့်တယ်မလား"
ဟယ်ကျိုးက ပြောလာခဲ့တယ်။"မလိုဘူး၊နေပါစေ"
"မင်းက ငါ့အပေါ် ကြင်ကြင်နာနာနဲ့ ဆက်ဆံပေးခဲ့တာဘဲလေ ၊ ပြီးတော့ မင်းအဖေကလည်း ယွီကျိုးလေးကို ခေါ်ခွင့်ပြုပေးခဲ့တယ်။ ငါ သူ့ကို ကျေးဇူးတင်ရမှာပေါ့"

YOU ARE READING
『omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gp
Romance𝙎𝙏𝘼𝙍𝙏 𝘿𝘼𝙏𝙀 : 2022 𝗝𝗮𝗻 25 𝙀𝙉𝘿 𝘿𝘼𝙏𝙀 : 2023 April 29 [ Paid gpမှာ အပြီးထိရပါပြီ!! ]