🍼ဆိုးရွားတဲ့သူတစ်ယောက် ဖြစ်သွားရင် ဘာလုပ်ရမလဲ?( Uni )
ချိယွီသည် အလွန်စိတ်ရှုပ်သွားသည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲမစမီ နှစ်ရက်အလိုတွင် သူသည် Red Bullနှင့် ဖောင်တိန်တစ်ချောင်းကို ကိုင်ဆောင်ကာ တစ်ညလုံး အလုပ်ကြိုးစားသော်လည်း နောက်တစ်စက္ကန့်တွင် သူသည် ဤအိမ်ကြီးဆီသို့ ရောက်လာခဲ့သည်...။
သူ ကူးပြောင်းလာခြင်းဖြစ်နိုင်သည်၊ ဒါမှမဟုတ် သူ့ရဲ့ဝိညာဉ်က အခြားခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသည်ဟု သူခံစားခဲ့ရသည်။
သူ့ အသားရည်ဟာ အဖြူရောင်ပြောင်းသွားခဲ့ပြီး သူ့ရဲ့ဝမ်းဗိုက်က ကြွက်သားတွေ ပျောက်ကွယ်သွားတဲ့အတွက် သူ့ခန္ဓာကိုယ်ပြောင်းလဲခဲ့တယ်ဆိုတာ သိသာလှတယ်...။
သူ့လက်ထဲမှာ အိပ်ဆေးပုလင်းတစ်ဝက်နဲ့ အိပ်ရာကနိုးထလာတဲ့အခါ မူလပိုင်ရှင်က သူ့ကိုယ်သူ သတ်သေခဲ့တယ်ပြီးတော့ သူကူးပြောင်းလာခဲ့တာဖြစ်မယ်လို့ ခန့်မှန်းလိုက်တယ်။သတင်းအချက်အလက်တွေ ပေါက်ကြားနေတဲ့ ခေတ်ကြီးမှာ ရှင်သန်နေရတဲ့ သူ့အဖို့ မအံ့ဩတော့ပါဘူး။နည်းနည်း စိတ်ရှုပ်ထွေးသွားရုံပါ...။
ပုခက်ထဲမှာ အိပ်ပျော်နေတဲ့ ကလေးငယ်ကို မြင်လိုက်ရတဲ့ အခါမှာတော့ သူ့ရဲ့ထိုင်းမှိုင်းနေတဲ့ စိတ်ခံစားချက်ကို အကြိမ်ပေါင်းများစွာ ထိန်းညှိလိုက်တယ်။ - သူ့ခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က အိမ်ထောင်ရှိပြီးသားလား? ကလေးရှိတယ်လား? ကလေးအမေကော ဘယ်မှာလဲ?
ကလေးက အခုထိ မနိုးသေးတာကြောင့် ချိယွီဟာ ခြေဖျားထောက်ပြီးလမ်းလျှောက်ရင်း ရေချိုးခန်းကိုရှာဖွေနေလိုက်တယ်။
မှန်ထဲက ရင်းနှီးနေတဲ့မျက်နှာကိုကြည့်ရင်း ချိယွီ ကြောင်အနေမိပြီး ပြန်ကောင်းလာဖို့အချိန်ယူလိုက်ရတယ်။
ဒီမျက်နှာက သူ့ရဲ့မူလမျက်နှာနဲ့ တစ်ပုံစံတည်းဘဲ။ဒါပေမယ့် အခုမျက်နှာက အရမ်းဖြူဖျော့ကာ ဖျားနာမှုတွေနဲ့ပြည့်နှက်နေပြီး လေတိုက်ရင်တောင် လွင့်ပါသွားမလားစိုးရိမ်ရတယ်။ပြီးတော့ သူ့လည်ပင်းမှာ နှစ်လက်မအထူ သတ္တုလည်ပတ်တစ်ခုတွေ့လိုက်ရတယ်။အဲ့ဒီလည်ပတ်ကို ဘာနဲ့လုပ်ထားလဲ သူမသိပေမယ့် အဲ့ဒါကို ရှိနေတယ်လို့တောင်မခံစားရဘူး...။

ESTÁS LEYENDO
『omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gp
Romance𝙎𝙏𝘼𝙍𝙏 𝘿𝘼𝙏𝙀 : 2022 𝗝𝗮𝗻 25 𝙀𝙉𝘿 𝘿𝘼𝙏𝙀 : 2023 April 29 [ Paid gpမှာ အပြီးထိရပါပြီ!! ]