🍼 ငါတော့မယုံဘူး | Uniဟယ်ကျိုးရဲ့အရှေ့က ရေချိုးခန်းတံခါးဆီမှာ သွယ်လျတဲ့ပုံရိပ်တစ်ခုရှိနေပြီး၊ ရေစက်ကျသံတွေဟာလဲ သူ့နားထဲသို့ တိုးဖောက်ဝင်ရောက်လို့လာခဲ့တယ်။
အိပ်ခန်းအတွင်းရှိ ငြိမ်သက်မှုက ချိယွီရဲ့ လှုပ်ရှားမှုတွေကို ပိုပြီးထင်ရှားလို့နေစေတယ်။ ဟယ်ကျိုးရဲ့ နားရွက်တွေဟာ လှုပ်ရှားသွားပြီး၊သူ့ပုံက ချိယွီရဲ့ ကြွေဖြူအသားရည်ပေါ်ကနေ ရေစက်ရေပေါက်တွေ တစ်လက်မချင်းစီ ကျဆင်းနေပုံကို စိတ်ကူးယဉ်ကြည့်နေပုံရတယ်။
ဟယ်ကျိုး မျက်လွှာချလိုက်ပြီးနောက်၊ သူ အနည်းငယ် အာခေါင်ခြောက်နေသလို ခံစားလိုက်ရတယ်။
အဲ့အကြောင်းခဏလောက် တွေးပြီးတာနဲ့ ဟယ်ကျိုး က မတ်တပ်ထရပ်လိုက်ကာ အိပ်ခန်းထဲက ပြတင်းပေါက်တွေအားလုံးကို ဖွင့်လိုက်ပြီး *humidifier (အစိုဓာတ်ထိန်းစက်) ကိုလည်းဖွင့်လိုက်တယ်။ သူက ရေချိုးခန်းကို စိုက်ကြည့်နေတာကို ရပ်လိုက်ပြီး အိပ်ခန်းထဲမှာဘဲ ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေလိုက်တယ်။
ချိယွီရဲ့အိပ်ခန်းက၊ နေရာအများကြီးရှိတဲ့ master roomဖြစ်သည့်အလျောက် အတော်အသင့်ကျယ်သည်။
သို့သော် အတွင်းပိုင်းအပြင်ဆင်က အလွန်ရိုးရှင်းကာ၊ အိပ်ရာ၊ ဗီရိုနဲ့ စားပွဲခုံကလွဲလို့ အခြားဘာမှမရှိပေ။ အလှဆင်ထားတာကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ တစ်ချက်ကြည့်ရုံနဲ့ ရှင်းလင်းလို့နေပေမယ့်...
ဟယ်ကျိုးက သူ့ရှေ့က စားပွဲဆီကို အကြည့်ပို့လိုက်တယ်။
စားပွဲခုံက အလွန်ရှုတ်ပွလို့နေပြီး စာအုပ်များနှင့် အဖြေလွှာများကိုသေချာစီရီထားခြင်းမရှိတာကြောင့်၊ စာရေးရန် နေရာလွတ်တစ်ခုသာ ကျန်တော့သည်။
စားပွဲဆီလျှောက်သွားလိုက်တော့ ကျောင်းစာအုပ်နဲ့ သင်ကြားရေးစာအုပ်တွေသာမက "Parenting Collection", "Infant Sleeping Bible"၊ "A Hundred Ways to Sleep Children" စသည်တို့ကဲ့သို့ မိဘအုပ်ထိန်းရေးနည်းစုံစာအုပ်များ ပါရှိနေသည်ကို တွေ့လိုက်ရတယ်။
စာအုပ်တစ်အုပ်ကို ကောက်လှန်ကြည့်လိုက်တော့ ဟယ်ကျိုး က စာရွက်ပေါ်မှာ ခေါက်ရိုးချိုးကာ မှတ်သားထားသည့် မှတ်စုများရှိနေတာကို တွေ့လိုက်ရတယ်။ ကြည့်ရတာ ချိယွီက ဒါကို ခုထိဖတ်နေသေးပုံဘဲ။

KAMU SEDANG MEMBACA
『omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gp
Romansa𝙎𝙏𝘼𝙍𝙏 𝘿𝘼𝙏𝙀 : 2022 𝗝𝗮𝗻 25 𝙀𝙉𝘿 𝘿𝘼𝙏𝙀 : 2023 April 29 [ Paid gpမှာ အပြီးထိရပါပြီ!! ]