< UNI >
pheromone 100% ကိုက်ညီတဲ့ အယ်လ်ဖာနဲ့အိုမီဂါတွေ့တဲ့အခါ ဘာဖြစ်ကြမလဲ?
အဖြေ : မြင်မြင်ချင်း အချစ်ဖြစ်လာပါလိမ့်မယ်!။
တစ်ခန်းတည်း အတူတူရှိနေရင်ကော ဘာဖြစ်လာမလဲ?
အဖြေ : ထိန်းချုပ်ဖို့ခဲယဉ်းလာမယ်?!
ညမိုးချုပ်နေပြီဖြစ်ကာ အိပ်ခန်းမှာလဲ အမှောင်ကကြီးစိုးနေလေသည်။
ကလေးလေးကတော့ ချိယွီလက်မောင်းထဲမှာအိပ်မောကျသွားပြီဖြစ်ကာ သူ့အမြှီးလေးကခုထိ ဟယ်ကျိုးလက်ချောင်းကိုရစ်ပတ်ထားတုန်းဖြစ်သည်။ အားလုံးက ပျော်ပျော်ရွှင်ရွှင်အိပ်မောကြနေကြသလိုပင် အခန်းတွင်းကလဲ တိတ်ဆိတ်လို့နေသည်။
ချိယွီနဲ့ ရှောင်ကျိုးလေးဟာ ကုတင်းဘေးတွင် အလွန်နူးညံ့သည့် tatamiဖျာကိုခင်းကာ အိပ်နေတာဖြစ်သည်။
ဟယ်ကျိုးကတော့ ကုတင်ဘေးဆုံးကိုတိုးကာ လက်တစ်ဖက်ကို အောက်ချလို့အိပ်နေသည်။ အဲ့ဒါမှသာ ရှောင်ကျိုးလေးရဲ့အမြှီးလေး တွယ်ချိတ်နိုင်မည်ဖြစ်သည်။အိပ်ရာပေါ်အတူမအိပ်ကြတာက တစ်ဖက်ကတော့ ကလေးလေးက ဟယ်ကျိုးနဲ့အိပ်ရန်ငြင်းဆန်နေတာကြောင့်ဖြစ်ပြီး၊ တစ်ဖက်ကတော့ သူရှက်လို့ဖြစ်သည်။
ဒါပေမယ့် မင်းဘယ်လောက်ပဲရှောင်နေပါစေ ဒီလောက်အကွာအဝေး၊ ဒီလိုနီးကပ်တဲ့နေရာမှာ ဘာပဲလုပ်ပါစေ အသုံးဝင်မှာမဟုတ်ဘူး။
အချိန်တွေ တရစ်ရစ်ကုန်ဆုံးသွားသော်လည်း၊ ချိယွီမှာ မျက်လုံးမှိတ်လိုက် ပြန်ဖွင့်လာလိုက်ဖြင့်အိပ်မရ။
သူ တစ်ကယ်အိပ်မပျော်တော့ဘူး!
သူ့ရဲ့ နားခေါင်းထိပ်မှာလဲ အယ်လ်ဖာ pheromone ခပ်သင်းသင်းလေးရနေသည်။
လည်ပတ်ရဲ့ ထိန်းချုပ်မှုအောက်တွင် လုံးဝတည်ရှိမနေသင့်သည့် ဒီရနံ့ဟာ တဖြည်းဖြည်းနဲ့ပိုရှင်းလင်းလာခဲ့တယ်။သူ့နှာခေါင်းကိုပိတ်လိုက်တာပဲဖြစ်ဖြစ် ၊ လှိမ့်ပြီးပုံစံပဲပြောင်းအိပ်အိပ် အပိုပဲဖြစ်သည်။
အနံ့အသက်က ပျံ့နှံ့နေပြီး သူ့အာရုံတွေကို သွားတွေ၊ ခြေသည်းတွေနဲ့ ကုတ်ခြစ် ကိုက်ဖြတ်နေသလို သူ့စိတ်ကို နှိုးဆွဖို့ ကြိုးစားနေသလိုပဲ။

YOU ARE READING
『omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gp
Romance𝙎𝙏𝘼𝙍𝙏 𝘿𝘼𝙏𝙀 : 2022 𝗝𝗮𝗻 25 𝙀𝙉𝘿 𝘿𝘼𝙏𝙀 : 2023 April 29 [ Paid gpမှာ အပြီးထိရပါပြီ!! ]