Pařț 1

90 1 0
                                    

Zaw//Uni

...... အရိပ်....

Pa (1)

" မြတ်မင်းသူ ရေ "

" ဗျာ "

" မမ ပိုး ဖုန်းလာနေတယ် ဟေ့ "

ဒေါက်! ခွပ်!

" မနောက်ပါနဲ့ လေးထွန်းရယ် "

ထင်းပုံတွေကြား ထန်းသီးကို အခွံနွှာနေတဲ့ မောင်ကောင်း=မြတ်မင်းသူ ။မောင်ကောင်းဆိုတဲ့အမည်နာမက ဆရာတော် တစ်ဦးတည်းသာခေါ်လေ့ရှိသည်။

" ဘာလုပ်ဖို့လဲ "

ပုဆိုးလုံချည်ကိုတိုတိုဝတ်ကာ အပေါ်အကျီ်မပါ ၊ ဖွေးဥနေတဲ့ ကျောပြင်လေး ဗြန်းခနဲဆို ရိုက်လိုက်ရ ။ ဒီလို တောမှာနေလာခဲ့ရတာ အခုဆို မောင်ကောင်းလေးက နှစ်ဆယ့်လေးနှစ်ရှိခဲ့ပြီ၊ ရက်စက်စွာ သားမိနှစ်ယောက်ကို စွန့်ပစ်ခဲ့လို့ ငိုယိုပြီး ရောက်လာခဲ့တဲ့ မောင်ကောင်းတို့သားအမိလေး၊ ခုနစ်ရက်သားလေးကို အနှီးဖြူဖြူနဲ့ ပတ်ကာ ဖျော့တော့တဲ့မျက်နှာနဲ့ ဆရာတော်ကိုအကူအညီတောင်းခဲ့တာ အခုထိ မျက်လုံးထဲကမထွက်။ ရက်စက်တဲ့ကံကြမ္မာက မောင်ကောင်းတစ်လသားအရွယ်မှာ သူ့မိခင်ဆုံးပါးခဲ့သည်။ဟူး မောင်ကောင်းဘဝလေးက ဆရာတော်ပေးတဲ့ကျွေးမွေးစောက်ရှောက်တဲ့အသက်ပဲရှိတော့သည်။

မောင်ကောင်းရဲ့ရှေ့တည့်တည့်ထိုင်ရင်း နွှာပြီးသားဖြစ်တဲ့ ထန်းသီးကို ယူစားတော့

" အာ လေးထွန်းကလည်း ငတ်ကြီးကျပြန်ပြီ ဘယ်နှယ့် နွားကျွေးမဲ့ ထန်းသီးကိုမှ " (နတ်မောက်မြို့မှာ ကိုယ်လဲ အဖဲ့ခံလိုက်ရပါတယ် ထန်းသီး နွားကျွေးသတဲ့ကွယ်)

" လူလဲစားရပါတယ်ကွာ "လို့ပြောတော့ ညီညာပြီးလှပသေးသွယ်တဲ့ သွားတန်းလေးက ထွက်ပေါ်လာသည်။ ထူထဲတဲ့မျက်ခုံးတန်းတို့က ပိုပြီးအသက်ဝင်ခဲ့သည်။ ပါးလွှာတဲ့နှုတ်ခမ်းသားတို့ကတွန့်ကွေးတော့ ညာဘက်ပါးမို့မို့အောက်မှာ နှမ်းစိပမာရှိတဲ့မှည့်နက်လေးက ကြည်စဲနေခဲ့သည်။ ရုပ်ရည်သွင်ပြင်က ပြည့်စုံနေသလို၊ စိတ်ထားလေးကလည်း ပကတိဖြူစင်သည်။ လိမ္မာရေးခြားရှိသူမို့ ဆရာတော်ကလည်း ချစ်ရှာသည်။ ရွာသူရွာသားတွေကလည်း မြတ်မင်းသူ ဆွမ်းခံလိုက်မှ အိမ်စိလူအကုန်လုံးက ထွက်လာပြီးဆွမ်းလောင်း၊သစ်သီးကပ် အို စုံလို့။ နေထိုင်မကောင်းဖြစ်ရင်တောင် အသီသီးကျောင်းကိုရောက်လာကြသည်။ အဲ့ထဲမှာမှ ချစ်မိုးဦး ဆိုတဲ့ကလေးမကတော့ မောင်ကောင်းလေးကို မေတ္တာရှိနေလေရဲ့ ၊ မောင်ကောင်းလေးဟာ ဘယ်သူ့ကိုမှ စိတ်မဝင်စား ဒါပေမဲ့ ချစ်မိုးဦး လေးကိုတော့သူခင်ရှာသည်။ ဒါပေမဲ့ မောင်ကောင်းလေးဟာ လွန်ခဲ့တဲ့ တစ်လကျော်လောက်က ရွာမှာ ရူခင်းကလှသလို၊ ရွာသူရွာသားတွေကလည်းယဥ်ကျေးပြူငှာတော့ ၊ ရုပ်ရှင်အဖွဲ့သားများကရောက်လာသလို ဆရာတော်ရဲ့ခွင့်ပြုချက်နဲ့ကျောင်းမှာတည်းခဲ့ကြသည်။ အဲ့အဖွဲ့သားထဲမှာမှ မော်ဒယ် ဆိုတဲ့ "ကုဋေပိုး" မိန်မပျိုးလေးနဲ့ ရင်းနှီးခဲ့ကြသည်။ ဒီအရွယ်ဟာ စိတ်ကစားတတ်တဲ့အရွယ် မဟုတ်ပေမဲ့ အပြစ်အနာအဆာ တစ်စက်မရှိ ၊ လှပကျော့ရှင်းပြီး ၊ ထက်မြတ်တဲ့မိန်းမသားတစ်ယောက်၊ လူတိုင်းငေးမောရလောက်အောင်အထိ ချောမောတဲ့ မိန်မပျိုလေးကို မောင်ကောင်းလေးက မေတ္တာတွေ ရှိနေလေရဲ့ ။

အရိပ်Where stories live. Discover now