Zaw//Uni
......... အရိပ်......
Pa (3)" ပိုး "
" ပြောလေ "
ခင်းထားတဲ့ ကတ္တီပါ အခင်းအောက်မှာ သူတတ်တဲ့လက်မှုပညာဖြစ်တဲ့ ချည်ထိုးနေခြင်း ။ ခရီးက ပြန်ရောက်တာ မနားနိုင် ဆောင်းရောက်တော့မယ် ဆိုတော့ ယောကျာ်းဝတ်ချည် အနွေးထည်ကို ထိုးနေခဲ့သည်။ သေချာပေါက် ဒါဟာ ကျွန်တော့်တွက်ပင် ဖြစ်လိမိ့မည် ။ sofa မှာ လှဲအိပ်နေရာမှ ထကာ ပိုးဘေးနား ကပ်ထိုင်တော့ တံတောင်နဲ့တွတ်သည်။
" ကျစ် အာရုံမနောက်နဲ့နော် "
" မင်းကလည်း နားပါဦးလား "
" နင်နားချင်သွားနာပါလား "
" အာ တူတူ အိပ်ချင်တာပေါ့ ၊ လွမ်းနေတာကို "
" စောက်ပါစပ် ပိတ်ထားနော် ။ ငါမှားသွားလို့ .အစကနေ ပြန်ထိုးရရင် နင့်ပါးရိုက်မယ် "
ရုတ်တရက် ကျွန်မနှုတ်ခမ်းကို လာနမ်းတဲ့ အဂ္ဂရိပ်ကြောင့် သူ့နဖူးကို ခေါင်းနဲ့ပြေးစောင့်တော့
" လူက လှပါရဲ့ ဘာလို့ရိုင်းစိုင်းနေတာလဲ ပိုး "
သူ့နဖူးကို သူပွတ်ကာ sofa ပေါ် ပြန်သွားထိုင်တဲ့ အဂ္ဂရိပ်၊ မျက်နှာတော့မကောင်း ၊ မကောင်းလဲ မတတ်နိုင် မအားလပ်လို့ ကလေးလေးကို ဖုန်းမဆက်မိတာ အခုဆို မျှော်နေရောပေါ့ ၊ တောက်တတ်လို တွယ်ကပ်နေတဲ့ အကောင်နဲ့ ဖုန်းဆက်ဖို့ ဘယ်လိုမှ လမ်းမမြင် ။ ဒီ ချည်နွေးထည်လေးကို လက်ဆောင်အဖြစ် ထည့်ပေးလိုက်မည် ။
" ဘာလို့ပြုံးနေတာလဲ သေချာပေါက် ငါ့အကြောင်းတွေးနေတာ မဟုတ်ဘူးမလား "
ချည်ထိုးနေတာ ရပ်သွားတဲ့ ပိုး ၊ ကျွန်တော့်ကို ပေစောင်းကြည့်နေပြန်သည်။ ဘာလဲ relation တစ်ခုမှာ လများ နှစ်များ ကြာရှည်သွားသလို လူတွေရဲ့စိတ်ကလည်း ရှည်မလာတော့တာလား ။ အခုဆို ပိုး ကျွန်တော့်ကိုဂရုမစိုက်တာကြာခဲ့ပြီ ။
" နင် ရစ်မနေနဲ့ အိပ်လိုက်တော့ အဂ္ဂရိပ် ။ "
ခွမ်!!
သူထိုင်နေတဲ့ sofa နဲ့ ကြိုးဖုန်းရှိရာ ခုံပုဟာ လက်တစ်ကမ်းပင် ။ ခုံပုပေါ်က အလှအိုးကို နံရံပေါ် ပစ်ပေါက်တဲ့ အဂ္ဂရိပ် ၊ ကျွန်မမကြိုက်တဲ့အချက်တစ်ခုပင်ဖြစ်သည်။
YOU ARE READING
အရိပ်