Part 9

9 0 0
                                    

uni//zaw

............အရိပ် .....
                 Part 9
​​ပွမ် ပွမ် ပွမ်
အဂ္ဂရိပ် တစ်ယောက် လုံခြုံးရေးဝန်ထမ်းများရှေ့ကားရပ်ကာ ကားဟွန်းကိုအသာကုန်တီးနေခဲ့သည်...ထို့နောက် ခက်ဝဝ လုံခြုံရေးဝန်ထမ်းတစ်ဦးပြေးထွက်လာခဲ့သည်...

"ဘာဖြစ်လို့လဲ သူဋ္ဌေး"

အဂ္ဂရိပ်တစ်ယောက် ညနေလုံခြုံးရေးဝန်ထမ်း နေ့ duty (တာဝန်) ည duty ရှိတာကိုရိတ်မိတော့ သက်ပြင်ချကာ...ကားမှန်ကို မျက်လုံးပေါက်လေးသာသာမြင်နိုင်အောင်ချတော့ တိုးဝေ့လာတဲ့ ဆောင်းလေက သွေးကျောများပင် ထောင်ထလာခဲ့သည်။ ပါးလွှာတဲ့ အဝတ်အစားကြောင့် မှန်ကိုအနည်းငယ်ပြန်တင်ကာ ခပ်ဟ ဟ ဖြစ်နေတဲ့ အပေါက်ငယ်လေးအား တိုးကပ်ရင်းဆိုမိသည်..

" ညနေ ငါးနာရီလောက်က ပိန်ပိန်ပါးပါး လူတစ်ယောက် ထွက်လာတာကိုတွေ့လိမိ့မယ် သူဘယ်ဘက်ကိုသွားလဲဆိုတာ ကျွန်တော်သိချင်လို့ မှတ်တမ်းလေး တစ်ချက်လောက် ပြန်ကြည့်ပေးစမ်းပါ မြနိမြန်လေး အရမ်းမှောင်နေပြီ "

ချာခနဲလှည့်ထွက်သွားသောသူသည် ထိုနေရာကိုပြန်သွားပြီးနောက် ခပ်မြနိမြန်ပင် ပြေးထွက်လာခဲ့သည်....
"အရှေ့တန်းတန်းပဲဆရာ "
ထိုလုံခြုံရေးညွှန်ပြရာ ရှေ့တည့်တည့်သို့ကားကို တစ်ရှိန်းထိုးမောင်းနှင်မိသည်။ ကိုးနာရီ ကျော်နေပြီဖြစ်လို့ ခုလို့ ဆောင်းညများမှာ မည်သူမှအပြင်ထွက်ချင်းမရှိတော့ မိန်းလမ်းမပေါ် ကားများက ရှင်းလင်းနေခဲ့သည်...သို့သော် တာဝန်နဲ့ဝတ္တရားအရ မီးပွိုင့်၊.... ကားများစိပ်စိပ်ဖြစ်နေသော်လည်း ထိုမီးနီဆိုတဲ့မူကြမ်းကိုစောင့်ရသည်...
ထို့နောက် မှတ်တိုင် တစ်ခုချင်းစီမှာ express ကားများ က ရပ် ချ တင်နေလေသည်မှုန်ပျပျ......မီးတိုင်အောက် မည်သူတစ်ဦးတစ်ယောက်မှ မရှိတော့ စတီယာရင်းကိုင်ထားတဲ့ကျွန်တော်လက်များက ချွေးများထွက်စပြုလာခဲ့သည်။ တစ်ချက်တစ်ချက်ခုန်လာတဲ့ နှလုံးခုန်နှုန်းထားဟာလည်း ပါးကပ်နေတဲ့အဂ္ဂရိပ်အကျီင်္်ကိုပါ တုန်လှုပ်နေခဲ့သည်...မှတ်တိုင်တစ်ခုချင်းစီ...ရပ်ရင်းရှာတော့မတွေ့ပေ..ဘယ်သူ့ကိုမေးပြီးဘယ်လိုပုံစံလဲဆိုတာကိုပင် ကျွန်တော်မသိတော့ ကိုယ့်လုပ်ရပ်က လွန်သွားတာကိုသိပေမဲ့ တေမိဆိုတဲ့ မြတ်မင်းသူ အို မဟုတ်သေးဘူး ဘေ ဘီ သည် ရေငုံနှုတ်ပိတ်နေခဲ့သည်...

အရိပ်Where stories live. Discover now