Zaw // Uni
........ အရိပ်........
Pa (2)
" ကိုမင်း "
" ဗျာ "
" မိုး ကို လွမ်းနေမှာလား "
လှည်းလမ်းကြောင်း တစ်လျှောက် မိုးများက ရွာသွင်းတော့ တထောင်းထောင်းထနေတဲ့ မြေနီမှုန့်တွေက မွတ်သိပ့်နေခဲ့သည် ။ ရွာအဝင်လမ်းလေးက ပိတောက်ရိပ် တွေနဲ့ဖုံးလွှမ်းနေတော့ ဘယ်ရာသီဥတုပဲ ဖြစ်ပါစေ အေးချမ်းမှုကိုပေးသည်။ တစ်ဧက လောက်ရှိတဲ့ခြံဝင်းတွေထဲလည်း အပင်တွေက မျိုးကိုစုံလို့ ။ တစ်အိမ်နဲ့တစ်အိမ် အပင်တွေနဲ့သာ ခြံစည်းရိုးခက် သလို ပင်စည်တွေနဲ့ စည်းခြားထားကြသည်။ ညက မိုးကောလေကော တိုက်ခတ်လို့နဲ့တူပါတယ် လမ်းမပေါ် ကိုင်းကျနေတဲ့ တမာ ကိုင်းကို လှမ်းဆွဲကာ "ဖျောက် "ခနဲ ချိုးယူရင်း လမ်းဘေးကပ်ထားပေးခဲ့သည်။
" ကိုမင်း "
" ဗျာ "
" မိုး မေးနေတယ်လေ "
လှည်းလမ်းကြောင်းဘေးမှာလူသွားလမ်းက ရှိနေတော့ နှစ်ယောက်သား ကပ်လျှောက်ရာကနေ အနောက်မှာ ရပ်ကျန်နေခဲ့တဲ့ မိုး ။ မိုးဟာ ကျွန်တော် ပြန်မချစ်တာကိုသိသိရက်နဲ့လည်း ကျွန်တော့်ကိုတွယ်ကပ်နေခဲ့သည်။ အခုလည်း မနက်ဖြန်ဆို မြို့တတ်ပြီး ကျောင်းသွားရတော့မှာကို အိမ်မှာ ပစ္စည်းတွေသိမ်းစဲခြင်းမရှိ ။
ရပ်ကျန်နေတဲ့ မိုး နား ပြန်လျှောက်ရင်း
" ငါလွမ်းနေမှာပေါ့ဟာ နင်ကလည်း ငါ့ကိုလာနှုတ်ဆက်တဲ့ပုံက နှုတ်ခမ်းထော်နေတော့ ကဲ ပြောရင်တောင် ထော်နေပြန်ပါပြီ "
ကျစ်စံမှီးကို နှစ်ဖက်ခွဲချကာ ပါးကွက်ကြားလေးနဲ့ ယဥ်ယဥ်လေး လှတဲ့မိုးဟာ ကျွန်တော်နဲ့မတန်ပါ။ တက္ကသိုလ် ကျောင်းသား ပညာတတ် တစ်ယောက် ။ လှတယ်လို့အမည် တပ်မရ ။ လှရင်တောင် ဒီလူဟာ ဒီလိုပုံနဲ့ပဲ လှမှာသေချာပေါက်ပင်။ ဒါပေမဲ့ လက်ပံဟာ လှခြင်း မဟုတ် ချစ်ဖို့ကောင်းခြင်းပင် ၊ ဘယ်လိုပုံပဲနေနေ ၊ ဘယ်လိုအဝတ်အစားပဲဝတ်ဝတ် လိုက်ဖက်နေပြီး ချစ်ဖို့ကောင်းနေခြင်းပင် ။ မြို့မှာ ကျွန်တော့်ထက်သာတဲ့လူကို မိုး ရှာတွေ့ပါစေလို့ပဲ ကျွန်တော်ဆုတောင်းနေမိသည်။
YOU ARE READING
အရိပ်