Zaw///Uni
.........အရိပ်.......
Pa (6)
" ကိုယ်ပြန်လာတော့မှာ အိပ်မနေနဲ့ "
ပုခုံးနဲ့နားကြား ဖုန်းကိုညှပ်ရင်း ခုံပေါ်မှာ ပျံ့ကျဲနေတဲ့စာရွက်များကို သိမ်းကြုံးကာ စာအုပ်အောက်ထိုးထည့်ခဲ့သည်။
ခရီးလွန်နေလို့ ကျွန်တော်ပွဲမတတ်ဖြစ်သလို အကျီ်ပုံများလည်း ထွက်လာချင်းမရှိ။ အခြေအနေတည်ငြိမ်စွာနေနေတဲ့ယမင်းတောင် ကိုယ်က အားနာရမလိုဖြစ်နေခဲ့သည်။ ကျွန်တော်မရှိချိန် ယမင်း ပင်ပန်းတာကိုသိပေမဲ့ ဟန်မပျက် တိကျစွာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ယမင်း ဒီနေ့လည်း လိုအပ်တဲ့ပစ္စည်းများကို ကျွန်တော်ကိုယ်တိုင်ရေးပေကာ စျေးထွက်ဝယ်ခိုင်းရသည်။ ဖောက်သည်ဖြစ်တာ ဘယ်လောက်ပဲကြာနေပါစေ လူကိုယ်တိုင် တန်ဆာ များကိုသွားယူမှ တော်ပေမည်။
ဗီးးး ဖုန်း vibrate ကြောင့် အပြီးသတ် logo ဆွဲနေတာကိုရပ်ကာ ဖုန်းကိုင်ရပြန်သည် ။ ဒီည ပြန်မအိပ်ဖို့တောင် ကျွန်တော်စိတ်ကူးထားမိသည်။ ပိုးရဲ့ဖုန်းခေါ်ဆိုမှုက အဆမတန် ကျွနအတော်မရှိတဲ့ရက်တွေ အထီးကျန်နေလားမသိပေ။
" ပိုး ကိုယ် အလုပ်လုပ်နေတယ် ။ ကိုယ်ပြန်လာမယ် ဆိုမှကွာ "
"...."
" ကျစ်!! နာရီဝက်လောက်တော့စောင့် ကိုယ်အခုပြန်လာမယ် "
ပိုးရဲ့အသံတွေကစ မူမမှန်ချင်။ ဘယ် party မှလည်းမရှိပဲ ပိုးရဲ့အသံဟာ ပြင်းတွဲတွဲဖြစ်နေခဲ့သည်။ ကားသော့ကိုဆွဲကာ ကရောသောပါး ထွက်လာခဲ့ရသည် ။ကိုးနာရီလဲ ထိုးတော့မှာဆိုတော့ ကျွန်တော်ပြန်တာ ကောင်းလိမ့်မည် ။ ရုံခန်းမှာ မီးများကိုပိတ်ထားသော်လည်း လျှောက်လမ်းတစ်လျှောက် အလှမီးများကအစီအရင် Lift ထဲဝင်ကာ ခလုတ်ကိုအမြန်နှိပ်ရသည်။
ကားထားရာ လျှောက်ရင်း လုံခြုံးရေးများရှိရာ ကျွန်တော်ပြန်ဖို့သတိပေးမည်အပြု စုအုံ့နေတဲ့လူများကြောင့်လန့်သွားတာအမှန်။ ကျွန်တော်ရှိနေရပ်နဲ့တစ်စုံတစ်ခုဖြစ်မှာမလိုလားပေ။ တစ်ယောက်တစ်ပေါက်ပြောနေတဲ့လူများကိုအသံပြုတော့ အားလုံးကလှည့်ကြည့်လာသည်
YOU ARE READING
အရိပ်