Uni//zaw
Uni//Zaw
......အရိပ်...
Part 10
ရက်သတ္တပတ်ခန့်ကြာသော်.....
" ယမင်း နောက်တပတ် ဦးမင်းသီဟ ရဲ့ party ကိုတတ်ဖို့ဝတ်စုံလေး ပြင်ဆင်းထားပေးပါ "
" ဟုတ်ကဲ့ "
ယမင်းထွက်သွားပြီးနောက် အဂ္ဂရိပ် ခုံပေါ် မှောက်အိပ်မိသည် အဘက်ဘက်က ဆက်သွယ်လာတဲ့ ဝတ်စုံများတွက် သုံးရက်ဆက်တိုက်ပင် နေ့ရောညရော လုံးပန်းခဲ့ရသည်။ order တွေ ကျတဲ့တွက်ကော အမှားအယွင်းမရှိအောင် ဆောင်ရွက်နေခဲ့ရသည်။ အခုတလော အအိပ်မမှန်တဲ့အပြင် အစားအသောက်ပါ ပုံမှန်မရှိတော့ အစာအိမ်က တစစ်စစ်နာသည်။ ပိုးသာ ကျွန်တော့်ဘေးရှိနေရင် ဒီလောက်ဆိုးမည်မထင်။ မရိုက်ဖို့အတန်တန်ပြောနေတဲ့ကြား ဒီးတစ်ခါထဲ ခွင့်ပြုပေးပါမယ်လို့ မျက်နှာငယ်နဲ့ဆိုတော့ မတားဝံ့တော့။ training တွက် သက်ဆိုင်ရာ ဋ္ဌာနကိုစေလွှတ်ခဲ့ရသည်။ သတိရခြင်းနဲ့ဖုန်းဆက်မိတော့...
" ဟယ်လို ဟယ်လို "
"..."
တဆက်ထဲ ပိုရဲ့ ဟယ်လိုသံကိုကြားနေရပေမဲ့ ပြန်ထူးဖို့ကိုအားမရှိပေ။ ဝမ်းနည်းမှုက လှိုက်တတ်လာခဲ့သည်။ မခွဲခွာဘူးတာမဟုတ်ပေမဲ့ ကိုယ်ရဲ့ခံစားနေရတဲ့ဝေဒနါကြောင့် ပိုးကိုပိုလွမ်းမိသည်
"...အဂ္ဂရိပ်! !""
စောင့်ထွက်လာတဲ့ ကုဋေပိုးရဲ့အော်ငေါက်သံကြောင့်ဖုန်းကိုနားနဲ့အနည်းငယ်ခွာထားမိသည်...
" အဂ္ဂ "
ကုဋေပိုးသည် အဂ္ဂရိပ်ရဲ့ဒီလိုအပြုအမှုကို ထင်မှတ်မထားတာကြောင့်လေသံကိုပျော့ပျောင်းကာခေါ်မိသည်။ ဒါကလည်းအဂ္ဂရိပ်ရဲ့ စိတ်နေစိတ်ထားကို 100% သေချာပေါက် သိနေလို့ပင်ဖြစ်သည်။
"...ဗျာ.."
နူးညံ့ကာ သိမ်မွေ့နေနဲ့ အခေါ်အဝေါ်ကြောင့်အဂ္ဂသက်ပြင်းတစ်ချက်ရှိုက်ကာ မှောက်အိပ်နေတဲ့စားပွဲမှခေါင်းထောင်ကာ ကျောမှီဖို့ရာခုံကိုယ်ကိုနောက်သို့မှီချလိုက်သည်။
" နေမကောင်းဘူးလား "
" ကောင်းပါတယ်။ "
" ဒါဆို ဘာမကောင်းတာလဲ "
YOU ARE READING
အရိပ်