Part 7

15 0 0
                                    

Zaw//Uni

........အရိပ်........

                         Part (7)

" သေသွားချင်လို့လား!! "

နာရီဝက်လောက် ကိုယ်တော်ချော ငိုနေတာကိုစောင့်စိုင်းနေရသည်။ ရပ်မသွား ၊ စိတ်မရှည်တာကြောင့် ကျွန်တော့်အပေါ်အကျီ် နဲ့လည်စီးကိုချွတ်ကာ ရှပ်အဖြူကို တံတောင်ဆစ်နားထိ ခေါက်တင်ပြီး ချိုင်းအောက်ကနေ ဆွဲမတော့ အသာလေးပါလာသည်။ ဘယ်လိုတောင် ခန္တာကိုယ်က ပေါ့ပါးနေရတာလဲ ကုတင်ကိုကျောမှီစေရင် စားစရာတစ်ချို၊ ရေနဲ့ဆေးကိုပေးတော့ အားမရှိသည့်နယ် ၊ ခုံပေါ်ပြန်တင်ရင်း မုန့်ထုပ်ကိုဖောက်ပေးတော့

" တိတ်တိတ်လေး ကျွန်တော်သေသွားရင် ကောင်းမှာ "

ကျွန်တော့်ပိုက်ဆံတွေ ၊ ဖုန်းနံပတ်တွေ ၊ ကျွန်တော်ဘယ်လိုက်ရှာရမှန်းမသိ။ အခုချိန်ဆို ဆရာတော်လည်း ဖုန်းဆက်မရရင် စိတ်ပူနေတော့မှာ ။ မွေးကတည်းက ကျွန်တော်က ကောင်းကျိုးဆိုတာ ဘာလဲ လို့တောင် မေးခွန်းထုတ်ရမလိုဖြစ်နေခဲ့သည်။

" နောက်မှသေ ဒီမှာတော့ မင်းသေလို့မရဘူး ၊ ဒီနေရာက ငါပိုင်တာ "

ထိုလူရဲ့ပေါင်ပေါ်တင်ထားတဲ့လက်ချောင်းသွယ်သွယ်တို့ကိုဆွဲယူကာ မုန့်ထုတ်ကိုကမ်းပေးတော့ ကျစ်နေအောင် ဆုပ်ကိုင်းထားသည် ။ ဘာမှ မရှိတဲ့အုတ်နံရံကို ငေးမေားနေသော ထိုလူ

" ဘာလို့ ကျွန်တော့်ကို ဒီခေါ်လာရတာလဲ "

ခုချိန်မှာ ကျွန်တော့်ဘဝက သေသွားတာမှ ပိုလို့ကောင်းပေဦးမည် ။ ဘာလို့မြန်း...

" ဟေ့ ခြေနှစ်ချောင်းကယ် မကောင်းဘူးဆိုတာသိပေမဲ့ ငါတို့ရဲ့မေတ္တာတရားက ကြီးမားတယ် ဘယ်သူဘာဖြစ်ဖြစ် "

ရန်ထောင်နေသော ထိုလူသည် မျက်လုံးတို့ကို မှိတ်ထားပြန်သည် ။ ကျွန်တော်နဲ့စကားပြောရတာ မောသွားလို့ထင် အကျီ်ဖြူပေါ်ကဘချွေးများက ထင်နေသည် ။

" ကျွန်တော် ဆေးမသောက်ချင်ဘူး "

" မင်း! !"

ပေးထားတဲ့မုန့်ထုတ်ကိုပါ လွှင့်ပစ်လာသည် ဒီကောင်လေးနဲ့တော့ ။

အရိပ်Where stories live. Discover now