Zaw//Uni
....အရိပ်....
Pa (4)
" ငါ့ကို ကြွားလို့ပြီးဦးမှာလား "
ခြင်ထောင် ဇာပိတ်အဖြူတို့ကိုချကာ အိပ်ယာဝင်စေခဲ့သည်။ စာသင်နေရင်း တစစ်စစ် ကိုက်လာတဲ့ ခေါင်းကြောင့် အစောပြန်လာခဲ့ရသည်။ ကျောင်းမှာလေးထွန်းလဲမရှိသလို ဆရာတော်လည်းမရှိ
" ကြွားပါဘူး ငါနင့်ကိုသတိရလို့ "
" ငါလည်း သတိရပါတယ် နင်ပြောတဲ့ spicy တွေ ၊ ပင်လယ်စာတွေ ၊ မျိုးကိုစုံလို့ မြင်သာမြင်ရ မကျင်ရတာမဟုတ်ပဲ အခုမမြင်ဘူးတဲ့အပြင် ငါ သရေ ယိုနေပါပြီကွာ "
ခြေသံကြားလို့ခေါင်းထောင်ကြည့်တော့ လေးထွန်းက တံခါးဖွင့်ကာ ဝင်လာခဲ့သည်။
" ငါနင်နဲ့တူတူစားချင်တာ ငါ့စီ အလည် တစ်ခေါက်လောက် လာခဲ့ပါလား ၊ ငါလွမ်းလို့ "
မိုးရဲ့အသံဟာ တိမ်ဝင်သွားတော့ စိတ်မကောင်းပေ
" မိုးရယ် နင်လည်း တက္ကသိုလ်ကျောင်းသားကြီး ဖြစ်နေပါပြီ ၊ နင့်ကိုရင့်ကြပ်စေချင်တယ် ၊ အရမ်းလဲငါ့အကြောင်းကို တွေးမနေနဲ့ ၊ ကျောင်းစာကို အာရုံစိုက်စေချင်တယ် ""...."
အသံတိတ်သွားတဲ့မိုးကြောင့် သက်ပြင်းကိုချမိသည်
" မိုး ငါဖုန်းချလိုက်တော့မယ် "
" အင်း "
" ကျန်းမာရေး ဂရုစိုက် "
ဖုန်းကိုပိတ်ကာ ခေါင်းရင်းမှာထားရင် မျက်လုံးတို့ကိုဖိမှိတ်ထားခဲ့သည်။ မျက်လုံးကို မှိတ်တော့မှ လည်ထွက်နေတဲ့ ခေါင်းကြောင့် လက်ဖျားများပင်အေးစက်လာခဲ့သည်။
" မြတ်မင်းသူ "
" ဗျာ "
" သား နိုင်ငံခြား လိုက်သွားချင်လား "
" ဘယ်လို "
လေးထွန်းရှိရာ ခေါင်းတို့ကိုစောင်းစေရင် ခြင်ထောင်ပြင်ပါ ခေါင်းကိုထွက်စေခဲ့သည်။ သူ့တွက်ခြင်ထောင်ထောင်ပေးထားတာကို အပေါ်လိပ်တင်နေတဲ့လေးထွန်း ၊အိပ်ယာထဲ ဆေးလိပ်တိုကို ဖွာနေတဲ့လေးထွန်းရဲ့မျက်နှာကတည်ငြိမ်နေသည်။
YOU ARE READING
အရိပ်