Uni//Zaw
..............အရိပ်..........
Part 12
"..ဟိတ်ကောင်လေး..."
"..ဗျာ...."
ကြောင်အိမ်ကိုမှီထိုင်ကာ ပင်ပန်းနွယ်နေတဲ့ ကောင်းမြတ်သူ.. လေးလေးသန်းသည် ခပ်သွက်သွက် မြတ်မင်းသူရှိရာလျှောက်ရင်း နဖူးပေါ် လက်တင်မိသည်။
"..အေးစက်နေပါလား..."
ဒီနေ့ အလုပ်ပြန်ချိန်က လေးနာရီဆိုပေမဲ့ ...နေ့လည်းခင်းထဲကပြန်ရောက်နေသူ... သတိမထားမိပေ...
"..သား ဘာမှမဖြစ်ဘူးလေးလေး "
"..မင်းမဖြစ်ပဲနဲ့တော့ ဒီလိုပုံပေါက်မနေပါဘူးကွာ လေးလေးကိုပြော....."
" ဘာမှမဖြစ်ပါဘူး..သားတကယ်ပြောတာ.. "
အိမ်သာထဲဝင်လိုက်ထွက်လိုက်နဲ့မို့လူကခြေကုန်လက်ပန်းကြကာ တကယ်ကိုပင်နုံးချိနေသည်။...ဖြေးညှင်းစွာထရင်း လေးလေးကိုပြုံးပြကာ အိပ်ခန်းစီဦးတည်မိသည်။ ဆီးအောင့်တာ အလုပ်မှာ ကောင်းကောင်းမတ်တတ်မရပ်နိုင်ခဲ့ပေ။စူပါကိုပြောတော့ အလုပ်က ဆေးခန်းစီလိုက်ပို့ကြသည်။ သောက်ဆေးပေးကာ နားနေရန်ဆရာဝန်ရဲ့ညွှန်ကြားချက်ဖြင့် အိမ်ကိုစောကာပြန်ရောက်နေသော်လည်း မြတ်မင်းသူ မသက်သာခဲ့ပေ။...ကုတင်အောက်ဆင်းထိုင်ကာ အိမ်သာဘက်သို့သာ မျက်စိကိုပို့ထားမိသည်။
..." မြတ်မင်းသူ..."
ကိုယ့်ဝေဒနါနဲ့ကိုယ်မို့ ကျွန်တော်နားနားနေနေ နေခြငျေမိတာတော့အမှနျပါ...နာမည်ကြားရုံးလှည့်လှည့်ကြည့်ရတဲ့အခိုက်အတန့်က ယခုချိန်မှာ အမုန်းဆုံးလို့ပင် တွေးထင်မိသည်။ အခန်းပေါက်ဝ မတ်တတ်ရပ်ကာ....ရပ်ကြည့်နေတဲ့ အိမ်ပိုင်ရှင် ...အိပ်ယာထဲက လူးလွန့်ကာထလာလားမပြောတတ်.. ယုတ်တရက်ပေါ်ပေါ်လာတဲ့လူကြောင့်ကိုယ့်မှာအနေခက်တာတော့အမှန်ပါ။
" မင်းနေမကောင်းရင်ဆေးပြမလား..."
လေးလေးသန်းဖုန်းဆက်ပြောမှုကြောင့် အိပ်နေရာမှ ထ ထွက်လာခဲ့မိသည်။ ပိုးက ရုပ်ရှင်တွက် ခရီးထွက်သွားသူကြောင့်မေမေအိမ်မှာပါ နေဖြစ်သည်။
YOU ARE READING
အရိပ်