zaw//uni
.......အရိပ်.....
Pa (5)
" ကလေးလေ "
" ဗျာ "
" တကယ်ပဲ ခရီးဝေးကို သွားတော့မှာလား "
" ဟုတ် ကျွန်တော် မမပိုးနဲ့ နီးစပ်ဖို့ ကြိုစားရဦးမယ် "
မနက်ဖြန်ဆို ကျွန်တော် မြို့တတ်ပြီး passport သွားလုပ်ရမယ် ။ မမပိုးနဲ့ တွေ့ချင်ပေမဲ့ ကျွန်တော့်မှာ သတ္တိမရှိပေ။
" အခု မနီးစပ်ပဲ ဝေးရဦးမှာပေါ့ "
" ဝေးဝေး နီးနီ မမပိုး ကျွန်တော့်ကိုချစ်နေရင် ရပြီ ကျွန်တော့်ဘက်က အမြဲချစ်နေမှာမို့လို့ မမပိုး စိတ်ချလို့ရတယ် "
" မမပိုး ကို အရမ်းချစ်တာပဲလား "
" ဟုတ် ကျွန်တော် အရမ်းချစ်တယ် "
" တကယ်လို မမပိုးရဲ့အချစ်က အစစ်အမှန် မဟုတ်ခဲ့ဘူးဆိုရင်ရော "
" ဗျာ "
ပြတင်းပေါက်က တိုက်ခတ်လာတဲ့ ဆောင်လေးအေးအေးက ကျွန်တော့်နှလုံးသားကို ကျဥ်သွားစေတာတော့အမှန်ပါ ။ ဘယ် ညာ လှုပ်ခတ်နေတဲ့သစ်ရွက်တွေက ကျွန်တော့်ရဲ့ ရင်ခုန်နှုန်းကိုမှီမယ် မထင်။
" အင်း မမပိုး ဒီတိုင်းမေးကြည့်တာ "
အတန်ကြာ တိတ်ဆိတ်သွားတဲ့ မြတ်မင်းသူထံမှ ဘာစကားမှ ထွက်မလာ
" ကလေးလေး "
" ဗျာ "
" မမကို စိတ်ဆိုးတာလား "
" မဟုတ်ပါဘူး ကျွန်တော် တွေးနေတာ တကယ်လို့ မမပိုး ကျွန်တော့်ကိုအဲ့လို ပစ်သွားခဲ့ရင်တောင် ကျွန်တော် မမပိုးကို ဆက်ချစ်နေနိုင်မှာလားလို့၊ တကယ်လို့ဆိုတာရှိခဲ့ရင် ကျွန်တော် မမပိုးကို ခွင့်လွှတ်ပါတယ် ။ ဘယ်အရာမှ တည်တံ့နေမှာမဟုတ်ဘူးလေ ၊ မမပိုး ကျွန်တော့်ကိုချစ်ခဲ့သည် ဖြစ်စေ ၊ မချစ်ခဲ့သည် ဖြစ်စေ အချိန်ပိုင်းခြားတစ်ခုမှာ မမပိုး ကျွန်တော်ကိုချစ်ခဲ့တယ်ဆိုတာ ကျွန်တော် ယုံကြည်လို့ရပါတယ် "
သေချာတာ တစ်ခုက မမပိုးကျွန်တော်ကိုပစ်ခဲ့ရင် အကြောင်အရာတစ်ခုက ကျွန်တော်ဟာ မပြည့်စုံလို့ ဆိုတဲ့အကြောင်းကိုတွေးမိတော့ ကျွန်တော့်ရင်ဘက်ဟာ တင်းကြပ်လာခဲ့သည် ။
YOU ARE READING
အရိပ်