Part 8

10 0 0
                                    

Zaw//Uni

...........အရိပ်.........

                Part 8
             

" အဂ္ဂ သိလား "

" ဒီကိစ္စက နက်နဲတယ် ၊ ဒါပေမဲ့ သူ့တွက်မလိုဘူးထင်တာပဲ "

dashbroad ပေါ်က ဖုန်းကိုယူကာ တတောက်တောက်နှိပ်ရင် message ပို့နေသူ ကုဋေပိုး၊ ဒါဟာ သေချာပေါက်အဂ္ဂရိပ်ထံ ၊

"  ဒီချိန်ထိ ရောက်နေကြပြီ ဘယ်လိုများ သည်းခံနေရတာလဲ "

" အချစ်ကြောင့်လေ "

ပါးတွေမို့တတ်လာသည်အထိ ရီမောနတဲ့ မမပိုး၊ တခါတလေ မမပိုးကို ကျွန်တော်နားမလည်၊ တွယ်ကပ်သည်၊ ပြုံးသည်၊ နာကျင်နေရင်တောင် သူဖွင့်ဟချင်းမရှိ၊ တိတ်တိတ်လေးနေတတ်သည်။ နောက်ဆုံးကျရင်တော့ ထိုလူဟာ စ်တ်လွတ်ကိုယ်လွတ် ပေါက်ကွဲလွယ်သည်။  

" လွှတ်ချခဲ့ပါလား  "

" ဘယ်သူ့ကို "

ဖုန်းနဲ့မျက်နှာနှင့်မခွာ ရီပြုံးနေပြန်သည်။

" ဟို မအေဘေးကိုပေါ့ "

မိန်းလမ်းကနေ ချိုးကွေးရင်း မမပိုးတိုက်ခန်းရှိရာ  လှိမ့်ရင်း

" အာ ငါ့အသိထဲမှာ မအေဘေးဆိုတဲ့ နာမည်မရှိပါဘူး..."

ဟွန်းခနဲ နှာမှုတ်ကာ မျက်စောင်းထိုးနေသူ အားမာန် ငယ်သူငယ်ချင်းများကိုရန်တိုက်ပေးရန် ကုဋေပိုး အားသန်နေခဲ့သည်။

" မအေးဘေးဆိုတာ အဂ္ဂ အော် အဂ္ဂရိပ်ကိုပြောတာ ဗျာ "

" နင်ပြောတာနော် "

လက်ထဲက ဖုန်း screen ကိုထောင်ပြရင်း.. sent ကို နှိပ်တော့ ဒေါက်ခနဲ ရောက်သွားတဲ့ အသံဖိုင်... အခုချိန်းပြေးသွားရင်တောင် သေချာပေါက်လူသတ်ပွဲနဲ့တိုးမှာအသေအချာပင်....

မျက်လုံးများဝိုင်းဆက်ကာ ပါးစပ်အဟောင်းသားနဲ့ အားမန်သည် အံ့ကြိတ်ရင်းဆိုသည်

" သေချာပေါက် ကျွန်တော်ငရဲကျတော့မယ် "

////////////////////////////////

" အမေ့!!!!"

"အဟွတ်!!!....အဟွတ်!!"

လက်ထဲက ကော်ဖီခွက်ကို ခုန်ပေါ်ပြန်တင်းရင်း ..စိုသွားတဲ့အဝတ်တို့ကိုလဲရန် ဗီဒိုရှေ့လျှောက်တော့ မျက်တောင်မခတ်လိုက်ကြည့်နေသူ ဘေဘီလေး... အိပ်လိုက်လို့အားပြည့်လာတာပဲလားမသိ၊ အိပ်ဆေးအရှိန်နဲ့တမေ့တမော နောက်တနေ့ ညနေစောင်းမှ နိုးလာသူသည် ကုတင်ခေါင်းရင်းကိုပြေးကပ်သည်။

အရိပ်Where stories live. Discover now