Part 11

16 1 0
                                    

Uni//Zaw

...........အရိပ်.........

                     Part 11

"ဖြိုးပပ!!.."

"..လာပြီ ဖေ.."

......သစ်ခွမျိုးမျိုးချိတ်ဆွဲထားတဲ့ သစ်ပင်ကြီးအောက်မှာ ဖြိုးပပ ဆော့ကစားနေတဲ့ ခွက်များကိုပစ်ချကာ ..မြေကြီးပေါ်မှလူးလွန့်ထရင်း ဖုန်မှုန့်များကိုခါကာ ဖြိုးပပ ပျဥ်ထောင်အိမ်လေးထဲသို့သွက်သွက်လျှောက်လှမ်းလာခဲ့ရသည်။

ဘုရားကျောင်းဆောင်အောက် ပက်လက်အနေအထားကနေ..ဦးကြိုင်ဆိုတဲ့..လူသည် အရိုးပေါ်အရေတင်ကာ ပိန်ချုံးသည်။ ထိုလူရဲ့ဖျာအောက်ကနေ..ပိုက်ဆံတစ်ထောင်တန် တစ်ရွက်ကိုယူရင်းပစ်ပေးကာ..လဲကျနေတဲ့ ပုလင်းကိုလက်ညှိုးထိုးရင်

" အရက်သွားဝယ်ပေးစမ်း! !"

ငါးနှစ်အရွယ် ရှိသည့်ဖြိုးပပသည် ကြောင်တောင်ရပ်နေဆဲပင်။.ဖြိုးပပ၏မိခင်သည် စျေးကိုသွားကာ ကြာနေပြီပင်ဖြစ်သည်။

" နင် နားကန်းနေလား.."

ဦးကြိုင်သည် ငုတ်တုတ်ထကိုင်ကာ လက်ညှိုးထိုးရင် အော်ငေါက်တော့ ဖြိုးပပသည် အနောက်ကိုအနည်းငယ်ဆုတ်သည်။ မကြာမီ သူခိုင်းတဲ့အတိုင်း မလုပ်ရင် ရေအိုးစဥ်ဘေးထောင်ထားတဲ့ ကြိမ်လုံးနဲ့အရိုက်ခံရနိုင်မည်ကိုသိနေသောကြောင့်ပင်။

" ကျွန်တော်သွားဝယ်ပေးမယ်.."

ကျောပိုးအိိတ်ကိုကြမ်းခင်းပေါ် ပစ်ချကာ..တောင့်တောင့်ကြီးရပ်နေတဲ့ဖြိုးပပကိုပွေ့ချီကာ သူပါ ကြမ်းခင်းပေါ်ထိုင်ချသည်။ မော့ကြည့်လာတဲ့ဖြိုးပပရဲ့မျက်ဝန်းတို့က အံ့သြနေဟန် ၊....ရစ်သိုင်းလာတဲ့မျက်ရည်ကြည်တစ်ချို့က ပေါက်ခနဲ့ကျရင်း ဖြိုးပပ ထိုလူကိုကျစ်နေအောင်ဖက်တွယ်ထားသည် နှုတ်ကလည်း..

"..ကိုကို "

" အင်း ကိုကိုရှိတယ် မကြောက်နဲ့၊ မငိုနဲ့ "

ဖြိုးပပကျောကိုပွတ်သပ်ကာချော့တော့ အသံတိတ်နေပြီဖြစ်တဲ့ ဦးကြိုင်ရဲ့အသံက ဆိုးဝါးစွာထွက်လာပြန်သည်။

" လာခဲ့စမ်း!! ကောင်မ၊ ဘာစောက်မျိုး ဘာသွေးသားမှ မတော်တဲ့လူနဲ့ အလွမ်းသယ်မနေနဲ့.."

အရိပ်Where stories live. Discover now