အပိုင်း ၅
"Hello"
📱"Hello လွန်းရဂုငယ်နဲ့ပြောချင်လို့ပါ"
"ဟုတ်ကဲ့ခင်ဗျ ကျွန်တော်ပြောနေပါတယ်"
တစ်ဖက်ကအသံကြည်လေးကြောင့် ဂွန်းထိုင်နေရာကနေမက်တပ်တောင်ရပ်မိသွားရသည်။ဘာကြောင့်ရယ်မသိ အသံလေးကတစ်မျိုးဆွဲဆောင်မှုရှိနေသလိုခံစားလိုက်ရပီ ရင်ထဲမှာတောင်လှိုင်းလေးဖျက်ပြေးသွားသလိုပင်။
"မင်းက လွန်းရာဂုငယ်လား"
"ဟုတ်ပါတယ်ဗျ"
လွန်းတစ်ရေးနိုးအိပ်မျပျာ်ဖြစ်နေစဉ်ဖုန်းဝင်လာလို့ကိုင်လိုက်တော့ ထင်မှတ်မထားမိသောသူဖြစ်နေသောကြောင့် လက်ဖျားခြေဖျားများတောင်အေးစက်သွားရသည်။ကိုကိုရဲ့အဿ့က ဩရှရှနဲ့ အရာရာကိုအမိန့်ပေးစေခိုင်းနိုင်နဲ့ အာဏာပြည့်ဝတဲ့အသံဖြစ်သည်။
"ကိုယ်က ဂွန်းမဟာဗိုလ်ပါ"
"ဟုတ်ကဲ့
"ညကြီး ဖုန်းဆက်လိုက်ရတဲ့အတွက်အားနာပါတယ် မင်းနေမကောင်းဘူးဆိုတာငါကြားပါတယ် မင်းကိုနိုးလိုက်ရတာတောင်းပန်ပါတယ်"
"ရပါတယ်ဗျ"
"ဘယ်လိုနေသေးလဲသက်သာသွားပီလား"
"ဟုတ်ကဲ့"
"မင်းနဲ့ခဏလောရါစကားပြောလို့ရမလား"
"ရပါတယ်"
"အဖေ့သေတမ်းစာအကြောင်းပြောချင်လို့ပါ အဖေက ငါတို့ကိုလက်ထပ်စေချင်တဲ့အကြောင်းမင်းသိပြီးလောက်ပြီထင်ပါတယ် လက်မထပ်ဖူးဆိုရင် ငါသူ့အမွေတွေကိုရမှာမဟုတ်တဲ့အကြောင်းလေ ဒီကိစ္စကမတရားသလိုခံစားရတယ် ဘိုးတော်မင်းလက်ထပ်ကနည်းလမ်းတွေလို့ငါထင်တယ် မင်းရောဘယ်လိုထင်လဲ"
ကိုကို့စီကထင်မှတ်မထားတဲ့စကားကိုကြာလိုက်ရတော့ လွန်းအံ့ဩသွားမိသည်။
"ဒီကိစ္စမှာ ကျွန်တော့် ဘက်ကပြောပိုင်ခွင့်မရှိပါဘူးဗျ "
"သူဖြစ်စေချင်တာကြီးက မဖြစ်နိုင်တာကြီးလို့မင်းမထင်ဘူးလား ငါကယောကျာ်းလေးလေ ယောကျာ်းတစ်ယောက်ကိုယူရမှာလား သူငါတို့ကို အဲ့လိုအတင်းစီစဉ်ပေးလို့မရဘူးလေ ငါတို့မှာလဲငြင်းပိုင်ခွင့်ရှိရမှာပေါ့ "
![](https://img.wattpad.com/cover/297928566-288-k855534.jpg)
YOU ARE READING
💛အဖြူရောင်နှောင်ကြိုး💛ခေတ္တရပ်နား🙏
Romanceအမွေရဖို့အတွက်နဲ့ ရုပ်ဆိုးနဲ့ဖတ်တီးကြီးကိုလက်ထပ်ဖို့များ ဘာလို့စီစဉ်ခဲ့တာလည်းဖေဖေရာ တစ်ဦးတည်းသောသားဖြစ်တဲ့ ကျွန်တော်ကိုပေးခဲ့လည်းရနေတာကို မွေးစားသားရုပ်ဆိုးကြီးနဲ့လက်ထပ်ဖို့ ဖေဖေမို့စီစဉ်ရက်တယ် ဂွန်းမဟာဗိုလ် ဖေဖေစီစဉ်တဲ့အတိုင်းလိုက်နာဖို့အဆင...