"ဒီသေတမ်းစာက ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးသေတမ်းစာပဲ"
"---"
"ကျွန်တော်အဖေရေးခဲ့တယ်ဆိုတာမယုံကြည်နိုင်ဘူး...မဖြစ်နိုင်ဘူး!ဒါလုံးဝမဖြစ်နိုင်ဘူး!!!"
ဂွန်းကဒေါသထွက်စွားပင်စာပွဲကိုထုလိုက်တော့အခန်းဝမှာရပ်နေတဲ့သုသုကတုန်လှုပ်စွာပင်ရှေ့နေကြီးအားလှမ်းကြည့်နေမိသည်။
"စိတ်အေးအေးထားပါ ဂွန်း ကျေးဇူးပြုပြီးကိုယ့်ကိုယ်ကိုယ်ထိန်းပါအုံး သမီးသုသု အပြင်ခနထွက်ပေးနော်"
"ဟုတ်ကဲ့ ဆရာ"
သုသုအားမျက်ရိပ်ပြကာအခန်းထဲကထွက်သွားခိုင်းလိုက်ခါ ဂွန်းကိုစကားပြန်စရသည်။
"ဦးလေးမင်းကိုပြောချင်တာက ဘယ်လိုပဲဖြစ်ဖြစ်မင်းအဖေသေတမ်းစာကို ရှောင်ရှားလို့မရဘူးဂွန်း တစ်ခုကလွဲလိုပေါ့"
ရှေ့နေကြီးပြောလာသောစကားကြောင့်ဂွန်းအရှေ့ကထိုင်ခုံကိုဝင်ထိုင်လိုက်ကာ ဆက်ပြောလာမဲ့စကားကိုစိတ်ဝင်တစားနားထောင်နေမိသည်။
"မင်းဖေဖေစီကဘာမှမယူဖို့တော့ ရွေးချယ်လို့ရတယ် မင်းအဲ့လိုတော့မလုပ်ဖူးမို့လား ဟားဟား"
ပြောရင်းဦးအေးကသဘောတကျရယ်နေသောကြောင့် ဂွန်း မျက်နှာကိုတင်းလိုက်တော့မှအရယ်ရပ်သွားလေသည်။ဂွန်းလည်းစာပွဲပေါ်အားလက်ကိုတင်လိုက်ကာအလေးအနက်စကားဆက်ပြောလေသည်။
"ဦးအေက ကျွန်တော့်ကို ကလေးတည်းကသိတာပါ ဘာလို့ ကျွန်တော့်ကိုကူညီဖို့ နည်းလမ်းမရှာရတာလည်း!"
ဂွန်း မဆိုင်သောလူအားပတ်ရမ်းနေမိသည်။
"ဦးလေးမင်းကိုတောင်းပန်ပါတယ် သေတမ်းစာထဲမှာပါတဲ့အတိုင်းပဲလုပ်ပါဂွန်း ဘယ်လောက်ပဲခက်ခဲပါစေ မင်းအဖေလက်ထပ်စေချင်တဲ့သူနဲ့ လက်ထပ်လိုက်ပါ"
"ဖေဖေလက်ထပ်စေချင်တာက ကောင်လေးတစ်ယောက်လေ"
"အဲ့တာဘာဖြစ်လည်း ကိစ္စကြီးကြီးမားမားမဟုတ်ပါဘူး"
"ဦးအေး ဘယ်လိုတောင်ပြောထွက်နိုင်တာလည်း အဲ့ဒီရုပ်ဆိုးဆိုးဖက်တီးကြီးကို ဘာလို့လက်ထပ်ရမှာလည်း, ကျွန်တော့မှာချစ်သူရှိတယ် ဖေဖေနာရေးပီးသွားရင် ကျွန်တော့်ချစ်သူကိုပဲလက်ထပ်မှာ"

VOCÊ ESTÁ LENDO
💛အဖြူရောင်နှောင်ကြိုး💛ခေတ္တရပ်နား🙏
Romanceအမွေရဖို့အတွက်နဲ့ ရုပ်ဆိုးနဲ့ဖတ်တီးကြီးကိုလက်ထပ်ဖို့များ ဘာလို့စီစဉ်ခဲ့တာလည်းဖေဖေရာ တစ်ဦးတည်းသောသားဖြစ်တဲ့ ကျွန်တော်ကိုပေးခဲ့လည်းရနေတာကို မွေးစားသားရုပ်ဆိုးကြီးနဲ့လက်ထပ်ဖို့ ဖေဖေမို့စီစဉ်ရက်တယ် ဂွန်းမဟာဗိုလ် ဖေဖေစီစဉ်တဲ့အတိုင်းလိုက်နာဖို့အဆင...