"တီဝါက အသက်နေကြီးလာပီ သခင်လေးရဲ့ အဲ့လောက်မမှတ်နိုင်တော့ဘူး သားရာရာကမှ အရမ်းတော်တာ သားရာရာက မှတ်ညဏ်အရမ်းေကာင်းတယ်""ကဲ တီဝါကတော့ မြှောက်နေပြန်ပါပီသားကို"
"အဟင်းဟင်း"
တီးဝါ့ကို မျက်စောင်းလေးထိုက ရန်လုပ်နေသော ကောင်လေးကို တီဝါချစ်စနိုးလေးခေါင်းကိုပုတ်လိုက်တော့ ကောင်ငယ်လေးက လဲပြုံးနေသည်။ဂွန်းရဂုငယ်က ကျွန်တော်နဲ့သာ အပြုံးအရယ်မရှိ အလုပ်ရှင်အလုပ်သမားလိုပြောဆိုတက်ပေမဲ့ ကျန်တဲ့သူနဲ့ဆို သူရဲ့ သွယ်စွယ်ချွန်ချွမ်လေးတွေပေါ်သည်ထိရယ်ပြတက်သည်။ကျွန်တော့်ကိုတော့ သူစိတ်ကြည်ပုံမရပါ ကျွန်တော်ပြောခဲ့တဲ့စကားတွေကြောင့်ခက်ကင်းကင်းဆက်ဆံနေပုံရသည်။အဲ့လိုကျတော့လဲ ဂွန်းနေရတာသိပ်အဆင်မပြေ ကောင်လေးနဲ့ပြေလည်ချင်မိသည်။
"ဖေဖေ့ရုံးခန်ကိုသွားရအောင်ဗျ"
လွန်းပြောရင်ဖေဖေ့ရုံးခန်းထဲကိုခေါ်လာလိုက်သည်။
"ဒီပိုက်ဆံတွေကဖေဖေဆုံးသွားထဲက မီးခံသေတ္တာထဲမှာရှိနေတာ"
ဖေဖေ့ရဲ့ မီးခံသေတ္တာကိုဖွင့်ပြကာ လွန်းပြောလိုက်သည်။
"ဘက်ကိုးသန်းမို့လား"
"ဘက် 978300ပါဗျ"
အတိအကျပြောလာသောကောင်လေးကို ဂွန်းသဘောကျမိသည်။ဘာလုပ်လုပ်အရမ်းတိကျတယ်လို့လဲခံစားမိသည်။
"အို ဟိုး ဒါကငါ့တစ်နှစ်စာထက်တောင်များသေးတယ် ငါတို့တစ်ဝက်စီခွဲလိုက်ရမလား"
ဂွန်းပြောလိုက်သောစကားကြောင့် လွန်းကစိတ်ဆိုးသွားပုံရသည်။အသံလေးကကျယ်လာသလို စူးစူးလေးထွက်လာသည်။
"အားလုံးက ခင်ဗျားငွေတွေပါ"
"မဟုတ်ဖူး မမျှတဘူးလေ"
"မျှတပါတယ် အားလုံးက ခင်ဗျားပိုင်တာပါ"
"ဒါဆိုရင် ဒီငွေတွေကိုဒီမှာပဲထားလိုက်ပါ ငါအခု မလိုသေးဘူး ငါ့ရဲ့လစဉ်ငွေထက်ပိုမသုံးဘူးလို့ ဦးအေးကိုပြောပြီးသွားပြီ"
ကျွန်တော့စကားကြောင့် ကောင်ငယ်လေးက မီးခံသေတ္တာလေးကိုစောင့်ပိတ်လိုက်ကာ သော့ပိတ်လိုက်ပီး သော့တွဲလေးကို ကျွန်တော့အား လှမ်းပေးလာလေသည်။
![](https://img.wattpad.com/cover/297928566-288-k855534.jpg)
YOU ARE READING
💛အဖြူရောင်နှောင်ကြိုး💛ခေတ္တရပ်နား🙏
Romanceအမွေရဖို့အတွက်နဲ့ ရုပ်ဆိုးနဲ့ဖတ်တီးကြီးကိုလက်ထပ်ဖို့များ ဘာလို့စီစဉ်ခဲ့တာလည်းဖေဖေရာ တစ်ဦးတည်းသောသားဖြစ်တဲ့ ကျွန်တော်ကိုပေးခဲ့လည်းရနေတာကို မွေးစားသားရုပ်ဆိုးကြီးနဲ့လက်ထပ်ဖို့ ဖေဖေမို့စီစဉ်ရက်တယ် ဂွန်းမဟာဗိုလ် ဖေဖေစီစဉ်တဲ့အတိုင်းလိုက်နာဖို့အဆင...