"မင်းကိုယ်တိုင်သွား"
"ခင်ဗျား!"
"ဘာကို..ခင်ဗျားလဲ..သွားဆိုသွား"
မျက်စောင်းကိုစပယ်ရှယ်ထိုးကာထွက်သွားတဲ့ကောင်လေးကိုကြည့်ရင်းဂွန်းစိတ်ထဲအလိုလိုပျော်နေမိသည်။
"မင်း.. သဝန်တိုနေတာလားဂွန်း"
အနားကိုကပ်ခါမေးလာတဲ့ ထက်မြတ်စကားကြောင့် မလုံမလဲတော့ဖြစ်သွားမိကာ ချက်ခြင်းပင်ငြင်းမိသည်။
"မင်းကြီးတော်ကြီးကို သဝန်တိုရမှာလား ရာရာစစ ငါ..ဟင်းရည်အပူသောက်ချင်လို့"
"အော်...အဲ့လိုလား, မသိပါဘူး ငါက သဝန်များနေတာသလားလို့"
"ပါးစပ်ကိုပိတ်ပီး မြိုစရာရှိတာမြို"
"ပါးစပ်ပိတ်ပီး မြိုမရဘူးကွ"
လွန်းပြန်ရောက်လာတာနဲ့တိတ်တိတ်သာနေလိုက်တော့သည်။
"လွန်းကို အကိုမနာလိုဖြစ်လာပီ"
အကိုထက်မြက်ရဲ့စကားကြောင့်လွန်းအံ့ဩတကြီးမေးလိုက်မိသည်။
"ဘာလို့လဲဗျ"
"လွန်းက အရာရာတော်နေတာလေ"
"ဟင်းဟင်း အဲ့လိုလဲမဟုတ်ပါဘူးအကိုရာ"
"အရင်က လွန်းကိုမသိခဲ့ရတာ စိတ်မကောင်းဘူး"
"မသိဆို ဖေဖေက ကျွန်တော့်အကြောင်းကို လူတွေအများကြီးကိုမပြောပြဖြစ်ဖူး အဲ့ဒါကြောင့် လူတွေက ကျွန်တော့်ကိုသိပ်မသိကြဘူး"
"အဲ့ဒါကြောင့်ထင်တယ်"
"ဒါပေမဲ့ ငါပြန်လာတော့ မင်းကိုမတွေ့မိဘူး ထူးဆန်းတယ် "
အကိုထက်မြက်နဲ့ပြောနေတုန်း ဝင်ပြောလာသော ကိုကို့အား မကြည်သလိုကြည့်ပစ်လိုက်မိသည်။
"ကျွန်တော်တို့ရောက်တဲ့အချိန်တွေမတူလို့ဖြစ်ပါလိမ့်မယ် "
"အဲ့ဒီလိုဖြစ်နိုင်ပါတယ် ဒါပေမဲ့ငါသိချင်တာက အဖေက ဘာလို့ ငါတို့ကို အရင်ကမတွေ့ပေးခဲ့တာလဲ တစ်ခါမှတောင်မှပဲ"
"ဒါပေမဲ့ သားဂွန်းကို သားရာရာက ကောင်းကောင်းသိပါတယ်"
ဂွန်းရဲ့အမေးကို တီဝါကပြန်ဖြေလာသည်။ကောင်လေးကသူ့ကိုသိနေတယ်တဲ့လား။

ESTÁS LEYENDO
💛အဖြူရောင်နှောင်ကြိုး💛ခေတ္တရပ်နား🙏
Romanceအမွေရဖို့အတွက်နဲ့ ရုပ်ဆိုးနဲ့ဖတ်တီးကြီးကိုလက်ထပ်ဖို့များ ဘာလို့စီစဉ်ခဲ့တာလည်းဖေဖေရာ တစ်ဦးတည်းသောသားဖြစ်တဲ့ ကျွန်တော်ကိုပေးခဲ့လည်းရနေတာကို မွေးစားသားရုပ်ဆိုးကြီးနဲ့လက်ထပ်ဖို့ ဖေဖေမို့စီစဉ်ရက်တယ် ဂွန်းမဟာဗိုလ် ဖေဖေစီစဉ်တဲ့အတိုင်းလိုက်နာဖို့အဆင...