အပိုင်း ၁၆

421 13 3
                                    

"ကိုကို!"

"ဟုတ်တယ်လေ လွန်း‌ငယ်လေးရဲ့ ကိုကို"

လွန်းထင်မှတ်မထားသောကြောင့် မထင်မှတ်ဘဲ ကိုကိုလို့ခေါ်လိုက်မိတာကို ရှေ့ကလူကြီးရုပ်ကပြည်တီတီနဲ့မုန်းစရာကာင်းစွာပင် လူကိုစိုက်ကြည့်နေသောကြောင့် လွန်းအယောင်ယောင်အမှားမှားပင် ကုတင်ပေါ်ကထရပ်ခါ ရန်လုပ်လိုက်မိသည်။

"ခင်ဗျားကြီး ဘယ်လိုဖြစ်လို့ ကျွန်တော့်အခန်းထဲရောက်နေတာလဲ"

"ဟောဗျာ ခုဏတော့ကိုကိုဆို"

"ဘာတွေလာပြောနေတာလဲ စကားလာမလွှဲနဲ့ ခင်ဗျား ဘယ်လိုဖြစ်လို့ ကျွန်တော့်အခန်းရောက်လာလည်းဆိုတာပြော"

"လွန်းငယ်ပဲခေါ်ပြီးတော့"

"ဘယ်သူကခေါ်လို့လဲ"

"ဟင်, ခုဏပဲခေါ်တယ်လေ"

"ခင်ဗျားကြီးနော် လူကိုလာအကြောင်မရိုက်နဲ့"

ညအိပ်ဝတ်စုံ အပြာရောင်ဝမ်းဆက်လေးနဲ့ ဂွန်းရှေ့ကကောင်ဇိုးလေးက သေးသေးကွေးကွေးလေးတော့မဟုတ် အရပ်က5'11"လောက်ရှိကာ အရပ်လေးနဲ့လိုက်ဖက်တဲ့ ခန္ဓာကိုယ်လေးကပိန်ပိန်ပါးပါးလေးမို့ ဆွဲပွေ့ရမ်းပစ်လိုက်ချင်စရာကောင်းလှသည်။အသည်းယားဖွယ်ကောင်းစွာပင် နှုတ်ခမ်းဖူးဖူးလေးကိုထော်ပြီးရန်လုပ်နေပုံလေးကလဲ ကလေးလေးတစ်ယောက်လိုပင်ဖြစ်နေသေးသည်။စွဲငြို့အားတွေပါတဲ့မျက်ဝန်းတောက်တောက်လေးတွေကလည်း မကြည့်ရဲအောင်ပင်ဖြစ်နေမိသည်။လွန်းငယ်ရဲ့မျက်ဝန်းအကြည့်နဲ့စုံလိုက်မိတိုင်း ရင်ခုန်သံကထိန်းမရနိုင်အောင်ပင်ဖြစ်ရတာအကြိမ်ကြိမ်ပင်ထြစ်သည်။

"လွန်းငယ် ကိုကိုနဲ့လိုက်အိပ်ပါလား ဒါမှမဟုတ်လဲကိုကိုလွန်းငယ်နဲ့လာအိပ်မယ်"

"ဘာတွေလာပြောနေတာလဲ ကျွန်တော်လဲလိုက်မအိပ်ဖူး ခင်ဗျားလဲလာမအိပ်နဲ့ ပြန်တော့ဗျာ"

"ဟော်ဗျာ ဇွတ်တွေနှင်ျနပါလား လွန်းငယ်ရ"

ဂွန်းပြောပြောဆိုဆိုပင် လွန်းငယ်မတ်တပ်ရပ်နေတာကိုပတ်ရှောင်ပြီးကုတင်ပေါ်ကိုလှဲအိပ်ပစ်လိုက်သည်။

 💛အဖြူရောင်နှောင်ကြိုး💛ခေတ္တရပ်နား🙏Hikayelerin yaşadığı yer. Şimdi keşfedin