အပိုင်း ၁၀

402 15 0
                                    

"ဘာလို့နေရမှာလဲ ခင်ဗျား ချစ်သူ ဆုဟန်..အွန့်"

"ပြွတ်"

"အင့် အွန်း ဖယ် ဟင်း"

ရုံးကန်နေတဲ့ လွန်းကိုချုပ်ခါ ဂွန်း အတင်းအားဓမ္မပင် နမ်းရှိုက်နေမိသည်။ဆုဟန်နီကိုလည်း သူနမ်းဘူးပေမဲ့ လွန်းငယ်ကို နမ်းရတာလောက်မချိုမြိန်ခဲ့ပါ ဆုဟန်နီရဲ့နှုတ်ခမ်းထက်က ရောင်စုံဆိုးဆေးတွေကြောင်ပဲလား ဒါတော့ဖြစ်နိုင်မည်မထင်ပါ။လွန်းငယ်ရဲ့ နှုတ်ခမ်းပါလေးတွေကို လွှတ်မပေးနိုင်လောက်တဲ့အထိကိုရစ်မူးနေမိသည်။

"ပြွတ်"

"ဟင်း အင်းး အ"

လွန်း ကိုကို့ကိုမုန်းမိလာပြီ အရမ်းတစ်ကိုယ်ကောင်းဆန်တယ်  သူ့ဘက်ကိုပဲကြည့်တက်တဲ့ အတ္တသမားကြီးလက်မှ လွန်းအားကုန်စောင့်ရုံးပစ်လိုက်မိသည်။

"လွန်းငယ် ကိုကိုက..."

"ဟင့်အင်! ခင်ဗျား ဘာမှမပြောနဲ့ ခင်ဗျားသိလား အရင်ကခင်ဗျားကို ကျွန်တော်က အရမ်းလေးစားအားကျခဲ့ရတာ ခုလို အတ္တသမားမှန်းမသိခဲ့လို့ပေါ့"

လွန်းဝမ်းနည်းတဲ့စိတ်ကိုတင်းကာပင် အားတင်း၍ပြောလိုက်မိသည်။ကိုကို့ကိုကြည့်လိုက်မိတော့ ကိုကိုမျက်ဝန်းတွေကို သူနားမလည်နိုင်ပါ အဲ့ဒီမျက်ဝန်းတွေက ဘယ်လိုအဓိပ္ပါယ်ကို ဖော်ဆောင်နေတယ်ဆိုတာ သူတကယ်ကိုနားမလည်နိုင်တော့ပါ။

"လွန်းငယ် ခုကိစ္စမှာ ကိုကိုလွန်သွားတာကို ကိုကို့ဘက်နေ တောင်းပန်တယ် ဒါပေမဲ့ လွန်းငယ်ရဲ့ ကောင်မလေးကို ခုပဲဖြတ်ပါ"

ကိုကိုရဲ့ အမိန့်ဆန်စွာတဲ့စကားကြောင့် ကိုကိုကိုပြန်လည်စိုက်ကြည့်ပြစ်လိုက်မိသည်။

"ဘာလို့ ကျွန်တော်က နားထောင်ရမှာလည်း ခင်ဗျားတောင် ဆုဟန်နီဆိုတဲ့ ကောင်မလေးရှိတာပဲလေ ပြီးတော့ ခင်ဗျားကိုတိုင်ပဲ ကျွန်တော့်ကို လက်မထပ်နိုင်ပါဘူးလို့ပြောခဲ့တာပဲမို့လား"

"လွန်းငယ် ဘာလို့ ကိုကို့ကို အကန်တွေကြီးပဲလာပြောနေတာလဲ"

"ကျွန်တော်ကလား ခင်ဗျားအထင်မှားနေပြီ ကိုဂွန်းမဟာဗိုလ် ကျွန်တော်က ခင်ဗျား ပြောခဲ့တဲ့ စကားကိုပြန်ပြောပြယုံပါပဲ"

 💛အဖြူရောင်နှောင်ကြိုး💛ခေတ္တရပ်နား🙏Onde histórias criam vida. Descubra agora